Sunday, June 13, 2010

လွမ်းတော်မူလို့ စာကိုစီတယ်

(မိုးမခ Media မှ)
ရန်ဝင်း (တောင်တံခါး)
ဇွန် ၁၃၊ ၂၀၁၀

“လွမ်းတော်မူလို့ စာကိုစီတယ်၊ တိမ်နီ တိမ်ဝါ တိမ်ပြာတွေ သန်းပြန်တော့၊
ဘယ်ဆီသို့ ဘယ်ညာသို့ လွမ်းပါရမယ်၊ ညွှန်းကာဆကွယ်၊ ကြာပင်အိုင်ကြီးရယ်။”
နန်းတော်ရှေ့ဆရာတင်

လွမ်းရပါသော်ကောလေ။ တရံရောအခါတုန်းက ကြာမျိုးစုံတို့နဲ့ဝေဆာလို့ ရေညိုရစ်ခါသန်းခဲ့တဲ့၊ မန္တလေးမြို့ အရှေ့အရပ်ဆီက အောင်ပင်လယ်ကန်ကြီး နဲ့ အောင်ပင်လယ်နယ်မြေကြီးကို မှန်းဆလို့လွမ်းရပါတယ်။ မန္တလေးမြို့အထွက်၊ ပြင်ဦးလွင်မြို့သွားတဲ့ လမ်းအကွေ့ အောင်ပင်လယ်ကန်ပေါင်ရိုးကနေပြီး အရပ်လေးမျက်နှာကို မျှော်ကြည့်လိုက်ရင်ဖြင့်၊ အရှေ့ဖက်ဆီမှာ ကျွဲနဖါးတောင်ကြီးနဲ့ အဝေးက ရှမ်းရိုးမ တောင်တန်းကြီး မှိုင်းမှိုင်းညို့ညို့၊ မြောက်ဖက်ဆီမှာ ရန်ကင်းတောင်၊ ငါးရံ့မင်းတောင်၊ မန္တလေးတောင်တွေက ပြာပြာမှိုင်းမှိုင်း၊ အနောက်ဖက်ဆီမှာတော့ စစ်ကိုင်းတောင်ရိုးတန်းကို မြူခိုးဝေဝေထဲမှာ မှုန်မှုန်ဝါးဝါးနဲ့ ဆွတ်ပျံ့ဖွယ်ရာ မြင်ရပေလိမ့်မယ်။ တချိန်တုန်းကတော့ တောင်ဖက်တခိုမှာ မိုးတွင်းအချိန်ဆိုရင် တိမ်ရောင်စုံ တောက်နေတဲ့ ကောင်းကင်အောက်က မြစိမ်းရောင်လဲ့လဲ့ လယ်ကွင်းပြင်တွေ၊ စပါးမှည့်ချိန်ဆိုရင် ရွှေအိုရောင် လယ်ကွင်းကြီးတွေ တမျှော်တခေါ်ကြီး ဝင်းအိနေခဲ့ပေလိမ့်မယ်။

အောင်ပင်လယ်ကန်ကြီး ကို ဆည်တဲ့သူက၊ သက်တော်ရှည် အလောင်းစည်သူမင်းကြီး (ပထမ စည်သူ၊ နန်းစံနှစ်၊ ခရစ် ၁၁၁၃-၁၁၆ဝ) ရဲ့ သားတော်ကြီး မင်းရှင်စော ဖြစ်ပါတယ်။ တနင်္ဂနွေသား မင်းရှင်စော က မာနလည်းကြီး၊ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည်ရှိပြီး အင်မတန်မှထက်မြက်တဲ့သူပါ။ ဖခင် အလောင်းစည်သူမင်းကြီးအပ်ါမှာ သစ္စာရှိပြီး ရိုးသားဖြောင့်မတ်သူလည်းဖြစ်တယ်။ တချိန်မှာတော့ အလောင်းစည်သူမင်းကြီး နဲ့ မင်းရှင်စောတို့ အကြားမှာ မကျေမလည်ဖြစ်ကြပြီး၊ မင်းကြီး အမျက်တော်ရှလို့ မင်းရှင်စော နယ်နှင်ခံရလေတယ်။

“သတိုးတင့်မော၊ မင်းရှင်စောကို၊ မျက်ဒေါသထား၊ ဝေးစေခြား၍၊ ညာဖျားမြောက်ချောင်၊ ကျွဲနက်တောင်နှင့်၊ ကန်အောင်ပင်လယ်၊ မြစ်ငယ်ချောင်းမ၊ ရွှေလောင်းစသား၊ ထာဝရမှု၊ ဖန်ဆင်းပြု၏။”
ဣသျှံဂူမော်ကွန်း

နယ်နှင်ခံရတော့ မင်းရှင်စောက နောက်လိုက်နောက်ပါတွေနဲ့အတူတူ မြို့သာ၊ မြို့သစ်၊ တပျက်သာ (မြစ်ငယ်) ဒီနောက် ထွန်တုံး၊ ပူတက် အရပ်တွေကို ပြောင်းရွှေ့သွားခဲ့တယ်။ ပိုတက်/ဗိုလ်တက် လို့ ခေါ်တဲ့ ပူတက် အရပ်မှာ မြို့ရိုးဟောင်းတွေ နဲ့ ပုဂံခေတ်လက်ရာ ဘုရားတွေ တွေ့နိုင်ပါသေးတယ်။ အောင်ပင်လယ်ကန်ဆည်ရွာ ကုန်း ၉ ကုန်း၊ ကျောက်သံပတ်ရွာတဝိုက်၊ အုန်းကျော နဲ့ နားတောင်းကျ အရပ်တွေမှာလည်း မင်းရှင်စော က လှည့်လည် နေထိုင်ခဲ့တယ်။ တချို့အရပ်တွေကတော့ ဒီနေ့မှာ ရွာဆိုးကုန်းတွေ အဖြစ်ကျန်နေရစ်ခဲ့တယ်။

မင်းရှင်စောက တောကြီး မျက်မည်းတွေကို ခုတ်ထွင်ရှင်းလင်းပြီး လယ်သစ်တွေ တီတယ်။ ချောင်းမြောင်း အင်းအိုင်နဲ့ သဘာဝမြေသြဇာ ဓါတ်ခံကလည်း ကောင်းမွန်တော့၊ အဲဒီဒေသကြီးတခုလုံး မင်းရှင်စောရဲ့ အစီအမံအောက်မှာ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်။ ပညာရှိပုဂ္ဂိုလ်တွေကို မြှောက်စားတယ်။ ရဟန်းသံဃာအပေါင်းနဲ့ သာသနာကလည်း ထွန်းတောက်လို့၊ အင်မတန်မှပဲ သာယာစည်ပင်ဝပြောခဲ့လေတယ်။

သက္ကရာဇ် ၁၁၅၂ ခုနှစ်မှာ တမုတ်ဆိုး၊ တပျက်သာ၊ ဇောင်းကလော၊ နဲ့ ကန်တိလိ ခေါ် အောင်ပင်လယ်ကန်ကြီး တွေကို မင်းရှင်စောက ဆည်ဖို့ခဲ့တယ်။

“မင်းရှင်စော မျောသည့်ဖေါင်ဝယ်၊ လေးကန်စလုံးကို သိမ်းကျုံး ဆည်တော်မူတယ်၊”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

“စိမ်းလဲ့မောင်း နန္ဒာကြည်ရှင်း၊ ကန်မင်း အောင်ပင်လယ်မှာ၊ ကြာမျိုးငါးသွယ် လှိုင်ကြွယ်မွှေး ပျံ့လှောင်းပါလို့လေး။”
မန္တလေးဘွဲ့ တျာချင်း

ထီးမွေနန်းမွေ ဆက်ခံထိုက်သူဖြစ်ပေမယ့်လည်း ပုဂံထီးနန်းနဲ့ လွဲခဲ့ရတဲ့အပြင်၊ အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးချိန်မှာ ညီတော် ကုလားကျမင်း ခေါ် အိမ်တော်ရှင် နရသူ (နန်းစံနှစ်၊ ၁၁၆ဝ-၁၁၆၅) က မလိမ့်တပတ်နဲ့ အကောက်ကြံပြီး ပုဂံနေပြည်ကို ခေါ်ယူလုပ်ကြံလို့ အရွယ်ကောင်းဖြစ်တဲ့ အသက် ၄၇နှစ် မှာ မင်းရှင်စော ကွယ်လွန်ခဲ့ရတယ်။ အဲဒီအချိန်က အောင်ပင်လယ်နယ်ထဲမှာ အရှေ့မြို့တော် (မြို့တော) ကို မင်းရှင်စော တည်နေဆဲပါ။ မန္တလေး၊ ပြင်ဦးလွင် လမ်းမကြီးဖြတ်သန်းသွားတဲ့ အခု ကျောက်မီး လို့ ခေါ်တဲ့ နယ်ထဲမှာ မြို့တောမြို့ဟောင်းနေရာ ကျန်ရစ်ပါတယ်။

၁၇ နှစ်ရာစု အင်းဝခေတ်မှာတော့ သမိုင်းမှာနာမည်မပြောင်ခဲ့တဲ့ အရည်အချင်းနည်းပါးသူ အင်းဝဘုရင် ဆင်ဖြူရှင် တရဖျား က အောင်ပင်လယ်တောထဲမှာ တောလည်ရင်း စိတ္တဇရောဂါ စပြီးစွဲကပ်လာခဲ့တယ်လို့ ဖတ်ရဖူးပါတယ်။

ရတနာပုံခေတ်မန္တလေးမြို့ကြီး နယ်ချဲ့ကျူးကျော်အုပ်စိုးသူတွေရဲ့ လက်ထဲကို ကျရောက်ပြီးချိန်မှာတော့ အောင်ပင်လယ်နယ်ကြီးက တော်လှန်တဲ့ နယ်မြေအဖြစ်နဲ့ သမိုင်းတခေတ်ထွန်းတောက်ခဲ့ပြန်တယ်။

အထင်ကရဖြစ်ခဲ့တဲ့ နယ်ချဲ့တော်လှန်ရေးမှာ၊ ရွှေဘိုနယ် နဲ့ ရွှေဘိုမြောက်ဖက်နယ်တွေက ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်၊ မင်းသား ထိပ်တင်မှတ်၊ မင်းသား ထိပ်တင်သန့်၊ မင်းသား စောရန်နိုင်၊ မင်းသား စောရန်ပိုင် တို့နဲ့ တချိန်ထည်း၊ အောင်ပင်လယ်နယ်မြေကိုအခြေခံလို့ မြင်စိုင်းမင်းသား က နယ်ချဲ့ကို တော်လှန်ခဲ့တယ်။ မြင်စိုင်းမင်းသား က မင်းတုန်းမင်းကြီးနဲ့ လက်ပံစဉ်မိဖုရားတို့ရဲ့သားတော်ပါ။ သီပေါမင်းနန်းတက်ခါစအချိန်မှာ မင်းညီမင်းသားတွေကို အစုလိုက် အပြုံလိုက် သုတ်သင်တဲ့အထဲက လွတ်မြောက်သွားတဲ့ မြင်စိုင်း၊ ကျပင်း၊ ကောလင်း၊ ပျဉ်းမနား၊ လေခ၊ မင်းသားငါးဦးထဲက မြင်စိုင်းမင်းသားဖြစ်ပါတယ်။

အောင်ပင်လယ်နယ်ကြီးကိုခြေကုပ်ယူပြီး၊ မြင်စိုင်းမင်းသား နဲ့ အပေါင်းအပါတွေက နယ်ချဲ့အုပ်စိုးသူကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ခိုက်ခဲ့ကြတယ်။ မြင်စိုင်းမင်းသားရဲ့ စီမံခန့်ခွဲမှု နဲ့ စည်းရုံးရေး ကောင်းမွန်တာကြောင့် တိုင်းရင်းသား လူမျိုးစုတွေ အပါအဝင် အနယ်နယ်ရပ်ရပ်က တော်လှန်ရေးသမားတွေ လာရောက်ပေါင်းစည်းကြလို့ အင်အားကြီးမားပြီး တိုက်ရေးခိုက်ရေးမှာလည်း နည်းစံနစ်ကောင်းကောင်းနဲ့ ပရိယာယ်ကြွယ်ဝတဲ့ အဓိကရ အင်အားစုကြီး ဖြစ်ခဲ့တယ်။

မြင်စိုင်းမင်းသားရဲ့တပ်တွေက နယ်ချဲ့အုပ်စိုးသူတွေ တပ်စွဲထားတဲ့ စခန်းတွေနဲ့ မြို့တွေ ရွာတွေထဲအထိ ဝင်တိုက်ကြတယ်။ နယ်ချဲ့အုပ်စိုးသူကလည်း မြင်စိုင်းမင်းသားကို သူတို့ရဲ့ခြေမှုန်းဖို့ ရန်သူစာရင်းမှာ ထိပ်ဆုံးအဆင့် တင်ထားပြီး သည်းသည်းမည်းမည်း လိုက်လံတိုက်ခိုက်ခဲ့တယ်။

၁၈၈၆ ခုနှစ် သြဂုတ်လမှာ ငှက်ဖျားရောဂါနဲ့ မြင်စိုင်းမင်းသား ကွယ်လွန်ပြီးတဲ့နောက်ပိုင်းကျတော့မှ တော်လှန်ရေး အင်အားစုကြီးလည်း တဖြည်းဖြည်းနဲ့ ပြိုကွဲခဲ့ရလေတယ်။

အောင်ပင်လယ်ကန်ကြီးကလည်း ခေတ်အဆက်ဆက်ကို ဖြတ်သန်းလာခဲ့တယ်။ ဘိုးတော်ဘုရားလက်ထက် ၁၇၈၉ ခုနှစ် နဲ့ မင်းတုန်းမင်းကြီးလက်ထက် ၁၈၅၆ ခုနှစ်တွေမှာလည်း ထပ်မံဆည်ဖို့ ပြုပြင်ခဲ့သေးတယ်။ အောင်ပင်လယ်ကန်ကြီးကိုမှီပြီး တနှစ်မှာ သုံးသီးစားရတဲ့ ကန်ရေသောက် လယ်တွေ ပယ်ပေါင်း ၃ သောင်းကျော်ရှိခဲ့ဖူးတယ်။ ကြာပန်းရောင်စုံတွေနဲ့ တင့်တင့်တယ်တယ်ရှိခဲ့လေတယ်။

“ကြာစိမ်း ကြာပြာ ပွင့်နီများ၊ လှုပ်ရှားကာရယ် များစွာကွယ်။ လေယူရာ ကြိုင်လှိုင်မွှေးလို့ အေးကြည်တယ်။”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

အပြုအပြင်နဲ့ မွှမ်းမံတာလည်းမရှိ၊ ရေအဝင်၊ ရေအနေတွေကလည်း နည်းလာတာကြောင့် ကိုလိုနီခေတ်ဦးက စပြီး အောင်ပင်လယ်ကန်ကြီး တဖြည်းဖြည်း ကောသွားလိုက်တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီလေ။ နောက်ဆုံးမှာတော့ အောင်ပင်လယ်ကန်ကြီး ကိုယ်တိုင်လည်း တချိန်က ကန်ရေသောက်ခဲ့တဲ့ လယ်ကွင်းတွေနဲ့ ဘဝတူ လယ်ကွင်းကျယ်ကြီးအဖြစ်ကို ရောက်ခဲ့လေတယ်။

မင်းရှင်စော ဖေါင်မျောခဲ့တဲ့ ကြာပန်းရောင်စုံတွေ ဝေဝေဆာဆာနဲ့ အောင်ပင်လယ်ကန်ကြီးက အခုအချိန်ု ဘယ်လိုများနေမှာပါလိမ့်လို့ မေးလာကြရင်၊ နန်းတော်ရှေ့ ဆရာတင် ရဲ့ သီချင်းကိုဆိုညွှန်းလို့၊ လွမ်းလွမ်းနဲ့ပဲ အဖြေပေးရပါတော့မယ်။

“အောင်ပင်လယ်၊ တကယ် တော အစစ်ကဲ့သို့၊ လယ်ကော ဖြစ်လို့မို့၊
ကောင်းဘို့ ရွယ်သော ခေတ်ကို၊ အထူးသဖြင့် မျှော်မိတယ်”
အောင်ပင်လယ်၊ နန်းတော်ရှေ့ ဆရာတင်

အထူးကျေးဇူးတင်စွာဖြင့် ကိုးကားခြင်း

(၁) အနှစ် ၁ဝဝ ပြည့် မန္တလေး (ရွှေကိုင်းသား)၊ ဧပြီလ ၂ဝဝ၇
(၂) တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့၊ မြသန်းတင့်၊ မတ်လ၊ ၂ဝဝ၆
(၃) မန္တလေး အနှစ် ၁၅ဝ ပြည့် မဂ္ဂဇင်း၊ မေ ၁၄၊ ၂ဝဝ၉
(၄) တနေ့တစ်လံ ပုဂံဘယ်ပြေးမလဲ (ဒေါက်တာ သန်းထွန်း)၊ သြဂုတ်လ ၂ဝဝ၆
(၅) မြို့တော်သမိုင်း မန္တလေး (တင်နိုင်တိုး)၊ မေလ ၂ဝဝ၉
(၆) ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄

Wednesday, June 9, 2010

ကမ္ဘာ.ဖလား မှတ်တိုင်များ




ကမ္ဘာ.ဖလားဘောလုံးပွဲကြီးကို ၁၉၃၀ က စပြီး လေ:နှစ်တစ်ကြိမ် ကျင်းပလာတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ၁၉၄၂ နဲ့ ၁၉၄၆ ကလွဲလို. အကြိမ်ပေါင်း ၁၈ ကြိမ် ကျင်းပပြီးခဲ.ပါပြီ။ ဒီနှစ်တောင်အာဖရိကမှာ ကျင်းပမဲ.ကမ္ဘာ.ဖလားကတော. ၁၉ ကြိမ်မြောက်ပါ။
ပြီးခဲ့တဲ့ ၁၈ ကြိမ်မှာ နိုင်ငံပေါင်း ၇ နိင်ငံက ဗိုလ်စွဲခဲ့ပါတယ်။
ဘရာဇီး ၅ ကြိမ် (၁၉၅၈၊၁၉၆၂၊၁၉၇၀၊ ၁၉၉၄၊၂၀၀၂)
အီတလီ ၄ ကြိမ် (၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂၊ ၂၀၀၆)
ဂျာမနီ ၃ ကြိမ် (၁၉၅၄၊ ၁၉၇၄၊ ၁၉၉၀)
ဥရုဂွေး ၂ ကြိမ် (၁၉၃၀၊ ၁၉၄၀)
အာဂျင်တီးနား ၂ ကြိမ် (၁၉၇၈၊ ၁၉၈၆)
အင်ဂလန် ၁ ကြိမ် (၁၉၆၆)
ပြင်သစ် ၁ ကြိမ် (၁၉၉၈)
ဗိုလ်စွဲဖူးတဲ့ ၇ နိုင်ငံထဲမှာ ဘရာဇီးကလွဲလို. ကျန်တဲ. ၆ နိင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံကျင်းပချိန်မှာ ဖလားရခဲ့ကြတာဖြစ်ပါတယ်။

နောက်ပြီး ဘရာဇီးဟာ ကမ္ဘာ.ဖလားပွဲတိုင်းမှာ ဝင်ပြိုင်ခဲ့တဲ့ (ပြိုင်ပွဲဝင်ခွင်.ရခဲ့တဲ့) တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။


စံချိန်တင် ကစားသမားတွေ


မက္ကဆီကိုက အင်တိုနီယို ကာဘာဂျဲလ် နဲ. ဂျာမနီက လိုသာ မားသီးယပ်စ် တို.နှစ်ယောက်ဟာ ကမ္ဘာ.ဖလားပြိင်ပွဲ ငါးကြိမ်စီနဲ. အများဆုံး ဝင်ပြိုင်ခဲ့ဖူးတဲ့ ဘောလုံးသမားတွေပါ။
ဘရာဇီးက ပီလီကတော. ကမ္ဘာ.ဖလား သုံးကြိမ် ရဖူးတဲ့ တစ်ဦးတည်းသော ဘောလုံးသမား ဖြစ်ပါတယ်။



ဂိုးသွင်းဘုရင်


ဘရာဇီးက ရိုနယ်ဒိုက ကမ္ဘာ.ဖလား သုံးကြိမ်မှာ ၁၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းတဲ့ စံချိန်တင်ထားပါတယ်။
ဂျာမနီက ဂတ်မူလာကတော. ကမ္ဘာ.ဖလားနှစ်ကြိမ်မှာ ၁၄ ဂိုးနဲ့ ဒုတိယအများဆုံးပါ။
ပြင်သစ်က ဂျပ်စ်ဖွန်တိန်းကတော့ ၁၃ ဂိုးနဲ့ တတိယနေရာမှာ ရှိပါတယ်။ သူက ကမ္ဘာ.ဖလားမှာတစ်ကြိမ်တည်းနဲ. ဂိုးအများဆုံး သွင်းခဲ.တဲ.စံချိန်ရှင်လည်း ဖြစ်ပါတယ်။ ၁၉၅၈ မှာပါ။


ကစားသမားအဖြစ်ရော နည်းပြအနေနဲ.ပါ


ဘရာဇီးက မာရီယို ဇာဂါလိုနဲ့ ဂျာမနီက ဖရန်.ဘက်ကင်ဘောင်ဝါတို့ နှစ်ယောက်ကတော. ဘောလုံးသမား အနေနဲ.ရော နောက်ပိုင်းမှာ နည်းပြအနေနဲ.ပါ ကမ္ဘာ.ဖလားချန်ပီယံ ဖြစ်ဖူးကြသူတွေ ဖြစ်ပါတယ်။

Wednesday, June 2, 2010

ဟိုဟိုဒီဒီ အတွေးများ

ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လပြည်.ကျော် ၅ ရက်

ဒီရက် ပိုင်းမှာ ကျွန်တော်.အကြိုက် “ပိတောက်ပွင်.သစ် စာပေအနုပညာမဂ္ဂဇင်း” တွေ ပြန်ဖတ်ဖြစ်ခဲ.တယ်။ အထူးသဖြင်. ကဗျာတွေပို ဖတ်ဖြစ်တယ်။ မနေ.ည ကတော. အမှတ် ၃၀၊ ၂၀၁၀ ဖေဖေါ်ဝါရီ လထုတ် ထဲက ကဗျာဆရာ “ကို ရွေး” ရဲ. ဟောဒီကဗျာလေး ကို ဖတ်မိတယ်။

ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ.မေးခွန်း

ခြေလေးတစ်ဖဝါး ချချင်တယ်
ကျောလေးတစ်ခင်း ခင်းချင်တယ်
အရိပ်ကလေးတစ်ရိပ် ခိုချင်တယ်
ဒီကမ္ဘာကြီးက ကျွန်တော်တို.ကမ္ဘာမဟုတ်ဘူးလား မေမေ
မေမေနင်းထားတဲ.မြေသားက ကမ္ဘာလား မိုင်းလား
ဖေဖေ. နှလုံးသားထဲ စိုက်နေတဲ. ကျည်ဆံက
ကျွန်တော်သွားရမဲ. မြေပုံအညွှန်းလား။

ကို ရွေး


ကဗျာလေးက ဒါပါဘဲ။ အဲဒီအချိန်မှာဘဲ တစ်ကယ်.ကို တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော် ဖွင်.ထားတဲ. VOA ညပိုင်း သီတင်း ထိပ်ဆုံးမှ အောက် ကသီတင်း တစ်ပုဒ် ကြေငြာ တာကြားလိုက်ရပါတယ်။

“ဂါဇာကမ်းမြောင်ဒေသ ပါလက်စတိုင်းတွေကို အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့ သွားရောက်ကြသူ တက်ကြွလှုပ်ရှားသူတွေ လိုက်ပါလာတဲ့ သင်္ဘော ၆ စင်းကို အစ္စရေးလ်ရေတပ်က နိုင်ငံတကာရေပိုင်နက် အတွင်းမှာ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့လို့ လိုက်ပါလာသူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးလ် ကွန်မန်ဒို အထူးတပ်ဖွဲ့ဝင်တွေက ရေယာဉ်တန်းကို ညအချိန်မှာပဲ ရဟတ်ယာဉ်တွေနဲ့ ၀င်ရောက်စီးနင်းပြီး အနည်းဆုံး သင်္ဘောတစင်းပေါ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ လူပေါင်း ၃၀ ထက်မနည်းဟာဆိုရင်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ပြောပါတယ်။ အစ္စရေးလ် စစ်တပ်ဘက်ကတော့ တက်ကြွလှုပ်ရှားသူတွေက ကွန်မန်ဒိုတပ်ဖွဲ့တွေကို ဓားတွေ၊ ကျောက်ခဲတွေ၊ ပိုက်လုံးတွေအပြင် သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ပြောခဲ့တာပါ။ ဒီနောက် စစ်သားတယောက်စီက သေနတ်တလက်ကို ဆန္ဒပြသူတွေက ရသွားတဲ့အတွက် ပဋိပက္ခတွေ ကြီးထွားခဲ့ရတာလို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်အသားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့လည်း ပြောခဲ့တာပါ။ တက်ကြွ လှုပ်ရှားသူတွေဟာ အကြမ်းဖက်ဖို့ ရည်ရွယ်ချက်တွေ ရှိနေခဲ့ကြောင်းလည်း အစ္စရေးလ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Danny Ayalon က စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်သော ဂါဇာ လှုပ်ရှားမှုအဖွဲ့ကတော့ အစ္စရေးလ်က ၃ နှစ်ကြာ ပိတ်ဆို့ထားတာတွေကို အများတကာက အာရုံစိုက်လာစေဖို့ ရည်ရွယ်ချက်သာရှိခဲ့ကြောင်း ပြောဆိုခဲ့တာပါ။
ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်ကတော့ အစ္စရေးလ်ရဲ့ စစ်ဆင်ရေးအပေါ် ရှုတ်ချလိုက်ပြီး ဒါဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုပဲလို့ ပြောဆိုလိုက်ပါတယ်။”
(၃၁ မေ လ ည ၉:၀၀ နာရီ VOA သီတင်း)

တစ်ကယ်တော. အစ္စရေးလ်-ပါလက်စတိုင်း အရေး ဟာ ကျွန်တော်တို. သိတတ်စ အရွယ်ကတည်း ကကြားဘူးလာခဲ. ပြီး ခုချိန် ထိအောင် ဘယ်လိုမှ အဆုံး သတ်မရသေးတဲ. ပဋိပက္ခ တစ်ခုပါ။
ခုကြား လိုက်ရတဲ.သီတင်း ကတော. အဲဒီ ကမ္ဘာရှည်အောင် ကြာနေပြီဖြစ်တဲ. ပဋိပက္ခ ရဲ. နောက်ဆက်တွဲ ဆိုပါတော.။
လွန်ခဲ.တဲ. သုံးနှစ် လောက် ကစပြီး အစ္စရေးလ်က ဂါဇာကမ်းမြောင် ပါလက်စတိုင်းဒေသကိုဝင်တဲ. ရေကြောင်းလမ်းကို ပိတ်ထားခဲ.တာပါ။ သူ.အကြောင်းပြချက် ကတော. ဒီပါလက်စတိုင်း နယ်မြေ
ဂါဇာဒေသမှာရှိတဲ. ဟားမတ်စစ်သွေး ကြွ တွေ ရဲ. ထောက်ပံ့ရေးလမ်းကြောင်း မို. ပိတ်ပင်တာ လို.ဆိုပါတယ်။ ဒီဟားမတ်စစ်သွေး ကြွ တွေ က သူတို. အစ္စရေးလ် နယ်မြေထဲ ကို ဒုံးကျည်တွေနဲ.ပြစ်ခတ်အန္တရာယ်ပြုနေ တာကိုး။
ခုဖြစ်ရပ်ကတော. ဒီလို အစ္စရေးလ် ရဲ. ရေကြောင်းပိတ်ဆို.မှုကို ဆန္ဒပြ လိုတဲ.၇ည်ရွယ်ချက်ကတစ်ကြောင်း ပါလက်စတိုင်းဒေသ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာတဲ. အထောက် အကူပစ္စည်းတွေ ပေးဖို.ကတစ်ချက် နဲ. ဒီတူရကီနိုင်ငံ သားအများစုပါ ဝင်တဲ. ပါလက်စတိုင်းထောက်ခံသူများ အဖွဲ.ရဲ. သင်္ဘောတွေ ကို အစ္စရေးလ်က နိုင်ငံတစ်ကာ ရေပိုင်နက်ထဲမှာ စီးနင်းစစ်ဆေးရင်း ဖြစ်ပျက်ခဲ.တာပါ။
ဒီနေ၇ာမှာ သမိုင်းကြောင်းတွေချီပြီး ဘယ်သူမှန်တယ် ဘယ်သူမှား တယ် တင်ပြဆွေးနွေးဘို. ဒီစာကိုရေးဖြစ်တာမဟုတ်ပါဘူး။ ဒီလို အတ္တကြီးမား စစ်ဆာလောင်နေသူတွေ ရဲ. မပြီးနိုင်တော.တဲ.
ပဋိပက္ခ မှာ ကြားက အပြစ်မဲ. အရပ်သားပြည်သူတွေ နဲ. ကလေးသူငယ်တွေ ဒုက္ခရောက်နေကြတာ စိတ်မကောင်းစရာတွေးမိလို.ပါ။ ကိုရွေးရဲ. အထက်က ကဗျာလေးက အဲဒီ ပါလက်စတိုင်း ကလေးလေး တစ်ယောက်ရဲ. အတွေးကို ဖွဲ.သီထာားတယ် မဟုတ်လား။
ပါလက်စတိုင်း ပဋိပက္ခ နဲ. အတ္တကြီးမားစစ်ဆာလောင်နေသူတွေ အကြောင်းစဉ်းစား ရင်းနဲ. ၂၀၀၉ အော်စကာ ဆုအချို.ရ ဒါရိုက်တာ James Cameron ရဲ. Avatar ရုပ်ရှင်ကိုသွားသတိ ရမိပါတယ်။ ဒီ ရုပ်ရှင် မှာလဲ တစ်ခြားကမ္ဘာ တစ်ခု Pandora က အဖိုးတန် ပစ္စည်းတွေ ရယူပိုင်ဆိုင် လိုတဲ. လောဘ နဲ. အဲဒီ Pandora မှာနေထိုင်နေကြတဲ. လူသားဆင်တူ Na'vi တွေ ကို လက်နက်အားကိုး နဲ. သွားရောက် အနိုင်ကျင်. နယ်ချဲ.တဲ. အကြောင်း ရိုက်ထားတာပါ။ ဒီ ရုပ်ရှင် ကို ကြိုက်တာ တစ်ခု က
လက်နက်အားကိုး ဗိုလ်ကျအနိုင်ကျင်.သူတွေကို ခုခံတော်လှန် သူတွေက နောက်ဆုံးမှာ အောင်ပွဲခံ
တော်လှန်နိုင် တာကိုပါ။ ဒီမှာ ပါလက်စတိုင်း အရေးနဲ.ဘာပါတ်သက်တာလဲ? မေးစရာဖြစ်လာပါတယ်။
ဒီလိုပါ ။ ကျွန်တော် Dubai မှာရှိ နေတုံး ကပေါ. အော်စကာဆုပေးပွဲ ပြီးစ တစ်ရက်မှာ သတင်းစာ ကသီတင်းတစ်ပုဒ်တွေ.လိုက်ရပါတယ်။ ပထမ ဓါတ်ပုံကိုတွေ.ပြီး စိတ်ဝင်စားလာတာကြောင်. သီတင်းလေးဖတ်ဖြစ်လိုက်တာပါ။
ဓါတ်ပုံ က ပါလက်စတိုင်း လူငယ်လေးတွေ . Avatar ရုပ်ရှင်ထဲက Na'vi တွေ ပုံစံမျိုး ခြယ်သဝတ်ဆင်ပြီး ဆန္ဒပြနေ ကြတဲ.ပုံပါ။
သီတင်းဆက်ဖတ်လိုက်တော.မှ ဒီပါလက်စတိုင်း လူငယ်တွေ ဟာ အဲဒီအချိန် အစ္စရေးလ် တွေက သိမ်းပိုက်ထားတဲ. အနောက်ဖက်ကမ်း ပါလက်စတိုင်း နယ်မြေမှာ ဂျူး အခြေချ အိမ်ယာတွေ တိုးချဲ.ဆောက်လုပ် နေတဲ. အချက် ကို ဆန္ဒပြ ခဲ.ကြတာပါဘဲ။ တော်လှန်သူ အောင်နိုင်သူ Na'vi တွေကို Inmage ယူ ပြီး သူတို. ပုံစံ အတိုင်း ဝတ်ဆင်လိုက်ကြတာပေါ.။ ဒီလူငယ်လေးတွေ စိတ်ကူးကောင်းကောင်း နဲ. ရိုးသားစွာ ဆန္ဒပြနေကြတာပါ။
အင်း …… ကမ္ဘာပေါ်က ရိုးသားတက်ကြွ သော လူ ငယ်လေးတွေ အားလုံး ရဲ. ဆန္ဒ နဲ. ဘဝ
ထပ်တူဖြစ်ကြပါစေ။ အပြစ်မဲ.ကလေး ငယ်များ စစ်အန္တရာယ် မှ ကင်းဝေး ကြပါစေ။
အတ္တ စစ်ဝါဒီတွေ ကင်းရှင်းပြီး ငြိမ်းချမ်းသာယာတဲ. စစ်မဲ. ကမ္ဘာ သစ်တစ်ခု သို. အမြန်ဆုံး ရောက်ရှိ နိုင်ကြပါစေ လို. ဆန္ဒပြုလိုက်ပါတယ်။