Friday, May 28, 2010

ပြည်တော်ဝင်

ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန် လပြည်.ကျော် ၁ ရက်

လူရေးလှသူ မလှသူ

အမိမြေနှင့်
မျိုးဆွေကျောခိုင်း၊ တစ်ပါးတိုင်းဝယ်
ရုပ်ပိုင်းပြည်.စုံ၊ ကုံလုံဖြိုးအစ်
စီးပွားဖြစ်လည်း
အမြစ်ခြားနား၊ ဗျိုင်းတို့ကြားဝယ်
ကျီးသားသဖွယ်၊ လူရေးငယ်ဘိ ။
အမိမြေ၀ယ်
အနေဆင်းရဲ၊ မွဲချင်မွဲစေ
ဒါပဲ ငါ့ပြေ (ပြည်)၊ ဒါ ငါ့မြေတည့်
ဆိုးမွေကောင်းမွေ၊ မျှဝေကြည်ဖြူ
ငါ့ပြည်သူနှင့်
ဒိုးတူပေါင်းဖက်၊ စိတ်လက်ညီညီ
သည်ရေကြည်နား
သည်မြေဆီစား
အားပါးတရ၊ လူရေးလှ၏ ။

ဒီကဗျာလေး ဟာ ဆရာညွန်.ဝေ (ကသာ) ရဲ. စိတ်ပြူတင်း ကဗျာ စာအုပ်ထဲကပါ။ ကဗျာ လေးဖတ်ပြီး ဒီ Post လေး ကိုရေးဖို. အတွေးပေါ်လာ တာနဲ. တင်ပြပေးလိုက်ပါတယ်။ သဘောခြင်းမတိုက်ဆိုင် မကြိုက် သူတို.ကတော. ဆန္ဒရှိ သလို တုံ.ပြန်နိုင်ကြောင်းပါ။
ကျွန်တော်တို.တစ်တွေ အကြောင်းအမျိုးမျိုး နဲ. အမိမြေနဲ. ဝေးရာမှာလာနေ ကြရတယ်။ ကျွန်တော်ကတော. ဗမာပြည် မှာကလွဲလို. ဘယ်မှာမှမပျော်ဘူး။ ကျွန်တော်.မိတ်ဆွေများ အများစုလဲ ကျွန်တော်.လိုပဲတွေးမိကြမယ် ထင်ပါတယ်။ ဒါပေမယ်. စိတ်မကောင်းစရာ တစ်ခုက တစ်ချို.သော မြန်မာ များဟာ ဗမာပြည်ကိုပြန်ဘို. စိတ်မကူးကြတော.ဘူး။ တစ်ချို.က အမိမြေနဲ.ဝေး ရာကို ဦး တည်နေကြတယ်။ ရေကြည်ရာမြက်နုရာ ဆိုတဲ.စကားကိုကျွန်တော် လက်ခံပါတယ်။ ကျွန်တော် ကိုယ်တိုင်ပင်လျင် ရေကြည်ရာ လာပြီး ရေလာခပ်နေရတာပဲ။ ကိုယ်. ဗမာပြည်မှာရေရှားနေတာကိုး။ ဒီလိုသာဆိုရင် ကိုယ်.တိုင်းပြည် မှာ ရေကြည် အောင် မြက်နုအောင် ဘယ်သူတွေ လုပ်ကြမလဲ။ ဒါကြောင်.လဲ အများသိပြီးသား ဆရာဇော်ဂျီရဲ. ကဗျာလေး တွေ ကို ကျွန်တော် ပြန်တင်ပြပေးခဲ.တာပါ။
ဘယ်လောက်ပဲ ဆင်းရဲနေပါစေ ဘယ်လောက်ပဲ ဘဝတွေ ခက်ခဲကြမ်းတမ်းနေပါစေ ဘယ်သူ.ကြောင်.ပဲဖြစ်ဖြစ် အမိမြေဟာ အမိမြေပါပဲ။ ဒီ အမိမြေ ကရေကြည်ကိုသောက် ဒီ အမိမြေ ရဲ. မြေဆီလွှာကို စားပြီး ခွန်အားတွေအပြည်. အသိပညာတွေအပြည်. နဲ. ကျွန်တော်တို. လာခဲ.ကြတာမဟုတ်ပါလား။ တစ်ချို. က မေးလာကြတယ် ဒီအခြေအနေနဲ. ဘာပြန်လုပ်စားကြမလဲ တဲ.။ ဟုတ်ကဲ. ဒါဆို ပြန်လို.ရတဲ.အခြေအနေ ဖြစ်အောင် လုပ်ဖို. ဘယ်သူတွေ မှာတာဝန်ရှိပါသလဲ။ ဆရာဇော်ဂျီ ရဲ. ကဗျာလေးပဲ ထပ် ညွှန်းရရင်

--------------
သူကစ၍၊ ငါကအားလုံး၊ လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင်.
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော.၊ ဤမြေဤရွာ၊ ဘယ်သူ.ရွာလည်း
ဤရွာစပါး၊ ဘယ်သူ.စပါးလည်း
ထားလော.တာဝန်၊ ပွန်လော. လုပ်ငန်း
ဥာဏ်ရှေ.ပန်း၍၊ တစ်ဝမ်းတစ်စိတ်၊ ညီစေသတည်း။

အချိန်တန်ရင် အိမ်ပြန်ကြရအောင် ကျွန်တော်တို. ကြိုးစားကြပါစို.
ယုံကြည်ချက် အပြည်. နဲ. တစ်စိတ် တစ်ဝမ်းကြိုးစားကြ မယ်ဆိုရင် မကြာခင် ကျွန်တော်တို.
ပြည်တော်ဝင်ကြရမှာ သေချာပါတယ်။
လူရေးလှစွာ ပြည်တော်ဝင်ဖို. ခုကစပြီးကြိုးစားကြပါစို.

Thursday, May 27, 2010

လရောင် ရဲ. အလွမ်း

ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လပြည်.နေ.

တစ်ကိုယ်လုံး ကိုက်ခဲ ပြီး ချောင်းတွေ လဲ အဆက်မပြတ် ဆိုးလိုက်တာ ည တစ်နာရီလောက် လန်.နိုး လာတယ်။ ကိုယ်တွေပူနေပါလား……
အင်း အရင် ရက်တွေက ဘလောဂ်. ရေးဘို. အိပ်ရေးပျက် အညောင်း မိလိုက်တာ ခုမှ လာခံနေရတယ်။ ဒီလောက် ကိုက်ခဲနေတော. ဆေးသောက်မှ ဖြစ်မယ် လို. အိပ်ရာကလူးလဲ ထလိုက်ရတယ်။
ကော်ဖီတစ်ခွက်နဲ. ဆေးသောက်ပြီး အိပ်ခန်းထဲပြန် ဝင်လာ တော.
အော် ပြူတင်းပေါက် ပွင်.နေပါလား။
တံခါးပိတ်မယ်လို. လာလိုက်မှ …. ပြူတင်း ပေါက်ကနေ လမင်းကြီး ကိုတွေ.လိုက် ရတယ်။
လပြည်.နေပါလား……ရွှန်းမြနေတဲ.လရောင်ကို ငေးကြည်.နေမိတယ်… လှလိုက်တာ…..
လရောင် က လူတိုင်းကို အေးမြ မှု ပေးတာတော.အမှန်ပဲ…..
အင်း ခံစားတတ်တဲ.သူကိုပေါ.လေ……
လရောင် ကိုငေးကြည်.ရင်း နဲ. ဇာတိ စလင်းမြို. လေး ကို လွမ်းမိ သလိုလို
အိပ်ရာမဝင်ခင် ကတည်း က မအီမသာနဲ.မို. ကွန်ပြူတာ ရှေ. မထိုင်ဖြစ်ပဲ စလင်း အထက်တန်းကျောင်း စိန်ရတု မဂ္ဂဇင်း ဖတ်ပြီး အိပ်ပျော် သွားမိတာကိုး……..
နောက် ဒီလို လရောင် သာတဲ.ညတွေ ဆို ကျွန်တော်တို. ငယ်ငယ် က အိမ်ခေါင်းရင်း မြူနီစပယ် ရုံးဝင်းထဲမှာ ကိုသာအေး တို. ကိုခင်မောင် တို. လူပျိုကြီး တစ်သိုက် ဆို ကြ တီးကြ နဲ.လေ။
အဲဒီခေတ်အခါက ကိုတင်လှိုင် ကိုသန်းလှိုင် တို. မောင်မောင်ညွန်. တို.သီချင်းတွေပေါ.။
မောင်မောင်ညွန်. သီချင်းတွေက လသာသာ မှာ ဆိုတတ်သူကများ ချွဲချွဲလေး ဆို လိုက်ရင် ဘေးက နားထောင်တဲ.သူမှာ လွမ်းလာမိတာပဲ။
တစ်ခါများ ကိုခင်မောင် တစ်ယောက် သူ.ရည်းစား တစ်ခြားမြို. က လူတစ်ယောက် နဲ. လက်ထပ်သွားလို. တယောလေး တီးရင်း ကိုသန်းလှိုင် ရဲ. “စကားပြောကောင်း တဲ.မသည်းအူ” သီချင်း ကိုဆိုပြီး မျက်ရည်တွေကျ လို. ကျွန်တော်တောင် လိုက်ငိုမိသေးတယ်။
ကိုသာအေး က ဒီရုံးရဲ. ညစောင်.ဆိုတော. ပင်တိုင် ပေါ.
သူက ပုလွေ သမား။ လသာသာ ညတွေ မှာ သူများ ပုလွေ ကောက် ချွဲလိုက် ရင် အားလုံးငြိမ် ပြီးနားထောင် ကြတာလေ…..
လွမ်းမိတယ် ဇာတိမြေရယ်……..
ကျွန်တော် နိုင်ငံခြား ထွက်လာကတည်းက ဗမာပြည် တစ်ခေါက်မှ မပြန်ဖြစ်သေးဘူး။ စလင်း ဆိုတာ မရောက်ဖြစ်တာ လေးငါးခြောက်နှစ် ရှိပေါ. စလင်းမြီု. က အနောက် ဖက်မှာ အနောက်ရိုးမ တောင်တန်းနဲ…
အရှေ.ဘက်မှာ ဧရာဝတီမြစ်ပေါ….မြို. လေးက အနောက်ဘက်ကမ်းမှာ မို. ဘယ်သွားချင်သွားချင် ဧရာဝတီမြစ် ကို ဖြတ်ရတယ်လေ။ ဧရာဝတီ ကိုဦးမခိုက်ပဲ ချောက် ရေနံချောင်း မကွေး ဘယ်ကိုမှမရောက်ဘူး။
ဒီတစ်ခါတော. ဧရာဝတီ အလွမ်းပေါ.
အင်း လူမရှိတဲ. ကွင်းပြင်မှာ သာဆိုရင် ကိုခင်ဝမ်းရဲ. ဧရာဝတီ သီချင်း အော်မိမလားမသိဘူး။ ဧရာဝတီလဲ ရေနည်းပြီး သောင်တွေထွန်းနေတာ တစ်လော က သီတင်းထဲမှာဖတ်လိုက်ရတယ်။ မကွေးမင်းဘူးကြား မှာဆို နောက်နှစ်နွေ ရေကြောင်းတောင် ပျောက် နိုင်တယ်တဲ.။
အင်း ဧရာဝတီကို ချစ်တဲ.ကျွန်တော် ဧရာဝတီ တွက် ဘာလုပ်ပေးနိုင် ခဲ.သလဲ ဘာလုပ်ပေးနိုင် မလဲ…..
ဧရာဝတီ မှာရေတွေခမ်းနေပြီ …..ရိုးမတောင်တန်းကြီး မှာလဲ တောပြုန်း လို.
ကတုံး ဖြစ်နေပြီ လေ…….
ပြီးခဲ.တဲ.သောကြာနေ. ကပဲ စလင်းကို ဖုန်းခေါ်ဖြစ်သေးတယ်။
အစ်ကိုကြီး နဲ. ပြောဖြစ်တယ် …..ကိုယ်ကတော. သတိရလို.ပါ… ညီအစ်ကိုမောင်နှမတွေ အကြောင်း တစ်ယောက်ချင်း မေးနေမိတယ်.......
အဲဒီမှာ စလင်းကျောင်း အကြောင်းပြောဖြစ်တယ်။ ကျောင်းပြင်ဖို. ကျောင်းသားဟောင်းတွေဆီက အလှူခံ နေတယ်တဲ. ..........
အင်း ညနေက ၁၈၁၈ ကဒ်ဝယ်ဖို.ငွေ ထုတ်ရင်း နဲ. စက်ကပြတဲ. ဂဏန်းအငယ်စား လေး သုံးလုံးတွဲ ကို မြင်ယောင် လိုက်မိတယ်။
အလှူငွေ ထည်. ချင်လိုက်တာ…. အစ်ကို ကို အလှူ ခံဘယ်တော.နောက်ဆုံးလဲ မေးပြီး ….. အင်း အဲဒီမတိုင်ခင် အလုပ် ရနိုင်မလား အတွေး လွန်သွားတယ်….. အစ်ကိုက ဆက်မေးလာတယ်
“မင်း အဆင်ပြေလား “
ကျွန်တော်ကတော. ထုံးစံအတိုင်း “အင်း … ဒီလိုပါပဲ”
“အ လုပ်ကော ရပြီ လား”
“အင်း ရှာ တုံးပဲ ရတော.ရမှာပါ.. နောက် တစ်လလောက်ထိတော. တောင်.ခံနိုင် မယ် ထင်တယ်” လွှတ်ကနဲ ထွက်သွားတဲ. စကားလုံး ကို ဘရိတ်အုပ် မရလိုက်တော.ဘူး ….
အစ်ကို က “မင်း ကွာ ကိုယ်. ကို ကိုယ်သာအဆင်ပြေအောင် နေပါ၊ ဒီမှာက အားလုံး ကနေသားကျနေကြ ပါပြီ.. စိတ်ပူမနေပါနဲ. …. အေး ကျောင်းအတွက် အလှူငွေ လဲ ငါ စိုက်ထည်.ပေး ထားမယ်… နောက်မှ ပြန်ပေးပေါ. နေကောင်းအောင်နေ ကျန်းမာ ရေး …………..”
ဖုန်းကဒ်ကုန်သွားတာ ကျေးဇူး တင် ရမလို………
အတွေးက ဟိုရောက် ဒီရောက် နဲ.
နဲနဲ အေးလာတာနဲ. အတွေးစဖြတ်ပြီး တံခါး ပိတ်လိုက်တယ်….
အိပ်ရာပေါ်ရောက်တော. ဘေးနားမှာ ညကဖတ်လက်စ စလင်းကျောင်း မဂ္ဂဇင်း စာအုပ် ကပွင်.ရက်လေး မို. ကောက် လှန်ကြည်.လိုက် တယ်
ကျောင်း ဓါတ်ပုံတွေ.လိုက်ရတယ် ရှေ.မျက် နှာစာကရိုက်ထားတာမို. ကျောင်းရှေ.က အလံတိုင်နဲ. စုဝေး ကွင်းပြင် လေးပါ ပါတယ်။
ဟိုတုံး က ကျောင်း တက်ခေါင်းလောင်းထိုးပြီးတာနဲ. ကျောင်းသားအားလုံး
အဲဒီ အလံတိုင် ကွင်းပြင်မှာ စုကြရတယ်။
ပထမ “ကမ္ဘာမကြေ…….ဗမာပြေ………” နိုင်ငံတော်သီချင်း ဆို တယ် ပြီးတော. သစ္စာ အဓိဋ္ဌာန် လေးချက် ဆိုကြတယ်…..
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်၊……..
သောက်ထားတဲ. ဆေးအရှိန်ကြောင်. စာအုပ် လက်ထဲကပြုတ်ကျသွားတယ်…….
အိပ်မက်ထဲမှာတော. ကျွန်တော်က စလင်းကျောင်း ကို အသစ်ဆောက်ပေးနေ တဲ. မြို.ပြအင်ဂျင်နီယာကြီး လေ………

Wednesday, May 26, 2010

ကျွန်တော် တွေးမိတဲ. ဓမ္မအတွေး (၂)

(ကျေးဇူးပြု ၍ ရှေ. က ဓမ္မအတွေး -၁- Post ကို အရင် ဖတ်စေလိုပါတယ်)

ဒိလို အတိတ်က ပြုပြီးခဲ.တာတွေ ကို နောင်တရပြီး ပူပန်နေ တာကလဲ အကုသိုလ် စေတသိတ် လို. ဗုဒ္ဓ ကဟောကြားထားပါတယ်။ ဆရာတော် အရှင် ဇနကာဘိဝံသ ရဲ. ကိုယ်ကျင်.အဘိဓမ္မာ စာအုပ် မှာ အကုသိုလ် စေတသိက် ၁၄ ပါး ကို ဖွင်.ဆိုရှင်းထားတာက အကုသိုလ်ပြုပြီးမှ "ပြုမိတာမှားလေစွ" ဟု နောင်တရ နောက်တစ်ဖန်ပူပန်ခြင်းသဘောသည်လည်း "ကုက္ကုစ္စ" အကုသိုလ်စေတသိက်တည်း ဟု ဆရာတော် ကရှင်းပြထားပါတယ်။
ဒီတော. ပြုပြီးခဲ. တဲ. အကုသိုလ်တရားတွေကို ပယ် လို.ရသလား? ဘယ်လိုပယ်ရမလဲ?။
ဆရာတော် ရဝေနွယ် (အင်းမ)ရဲ. တရားဆောင်းပါးမှာ မြတ်စွာဘုရား က အောက်ပါ သမ္မပ္ပဓာန် လေးပါး ကို ကျင်.ကြံ အားထုတ်ပွားများရမယ် လို. ဟောကြားတော်မူတဲ.အကြောင်း ရေးသားထားပါတယ်။

(၁) ဖြစ်ပြီးတဲ. အကုသိုလ် တွေ ကို ပယ်ဖို. အားထုတ်ရမယ်။
(၂) မဖြစ်သေးတဲ. အကုသိုလ် တွေကို မဖြစ်ဖို. အားထုတ်ရမယ်။
(၃) မဖြစ်သေးတဲ. ကုသိုလ် တွေကို ဖြစ်ဖို. အားထုတ်ရမယ်။
(၄) ဖြစ်ပြီးတဲ. ကုသိုလ် တွေ ကို ပိုပြီးတိုးပွားအောင် အားထုတ်ရမယ်။

နံပါတ် (၄) ကနေပြန်ရှင်းထားတာကတော. ဖြစ်ပြီးတဲ. ကုသိုလ်တွေ ပိုပြီးတိုးပွားဖို. အတွက် ပြုခဲ.ပြီးသော ကုသိုလ်တွေ ပြန်ပြီးအမှတ်ရနေမယ်၊ ဒါန သီလ ဝိပဿနာ တရားတွေ ဆက်ကာဆက်ကာ ပြု နေမယ် ပွားနေမယ် ဆိုရင် ဖြစ်ပြီးတဲ.ကုသိုလ်တွေ ပိုလို.တိုးပွားနေတော.တာပါ။
မဖြစ်သေးတဲ.ကုသိုလ် တွေ ဖြစ်အောင် အားထုတ်ရတာလဲ မခက်ပါဘူး။ မပြုဘူးတဲ. ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေ ဖို.ပါဘဲ။
မဖြစ်သေးတဲ. အကုသိုလ်တွေ မဖြစ်အောင် လဲ အကုသိုလ် မဖြစ်ရအောင် ကိုယ်နှုတ် စိတ်နှလုံးကို အထူး စောင်.ထိန်းမယ် ကုသိုလ်တွေ ဆက်ကာဆက်ကာဆက်ကာ ပြုနေမယ်ဆိုရင် အကုသိုလ် မဖြစ်တော.ဘူးပေါ.။
ကဲ နံပါတ် (၁) က ဖြစ်ပြီးတဲ. အကုသိုလ် တွေ ပယ်ဖို.အားထုတ်ရမယ်တဲ.။
အကုသိုလ် က ဖြစ်ပြီး ပြုပြီးပြီဘဲ။ ဘာမှ လုပ်လို.မှ မရတော.တာ။ အကုသိုလ် တစ်ခုဟာပြုပြီးသွား ရင် ကံမြောက်သွားတော.တာပါ။ ဒီအကုသိုလ်ကို ဘယ်လို ပယ်မလဲ?။
အကုသိုလ် ပယ်လို.ရကြောင်း မြတ်စွာဘုရား အတိအလင်း ဟောကြားထားတာကို ဆရာတော် အရှင် ဇနကာဘိဝံသ က ဒီလိုရှင်းလင်းပြခဲ.ပါတယ်။
လောကီ ကုသိုလ်များ ပယ်ပုံကား "ငါသည် ပါဏာတိပါတ အမှုကို ပြုမိချေပြီ၊ ထို ပါဏာတိပါတ အမှုကား မကောင်းဆိုးဝါးလှ၏။ ဤပါဏာတိပါတ အမှုအားပြုမိသည်.အတွက် နောက်တဖန်ပူပန်ခြင်း ကုက္ကုစ္စ ဖြစ်နေလျင် အကုသိုလ်တွေသာထပ်၍တိုးပွားတော.မည်။ ပူပန်မှုကြောင်. ပြုမိတာလည်း မပြုရာရောက်အောင်မတတ်နိုင်" ဤသို. ဆင်ခြင်ပြီးလျင် ထိုပြုမိသော ပါဏာတိပါတ မှုကို လုံးလုံး ထပ်မပြုတော.ဘဲ ပယ်စွန်.လိုက်၏။ နောက်နောင်ခါလည်း ထို ပါဏာတိပါတမှု မဖြစ်ဖို.ရာ အထူးသတိထား၍ လွန်စွာရှောင်ကြဉ်၏။ ဤသို. သောနည်းအားဖြင်. အားထုတ်သည်ရှိသော် ဖြစ်ပြီး ပါဏာတိပါတ အမှုကိုလည်း ပယ်နိုင်၏။ ဖြစ်ပြီး ပါဏာတိပါတ နှင်. အလားတူသော ပါဏာတိပါတ ကိုလည်းပယ်စွန်.ရာရောက်၏။
လိုရင်းကတော. ပြုပြီး တ.ဲ အကုသိုလ် ကို နောင်ဘယ်တော.မှ မပြုတော.ဘဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုနေလိုက်တော.တာပါ။
ဒါဆိုရင် အကျိုးပေးမှုတွေ အဟောသိကံ (ပျက်ပြယ်သွား) ဖြစ်သွားနိုင်ပါတယ်။
ဒီနေရာမှာ အပြစ်ကိုပြုမိပေမယ်. အသိရှိ လို. အကုသိုလ်မှန်းသိသူ နဲ. အကုသိုလ်မှန်းမသိသူ ကွာကြောင်း
ဆရာတော်က ပုံဝတ္ထု သာဓကတွေ နဲ. အကျယ်ရှင်းပြပါသေးတယ်။ ဆိုင်ရာမဂ်တစ်ခုခု မရသေးသရွေ.တော.
ပုထုဇဉ်တယောက်ဟာ အချိန်တိုင်း မှားနိုင်ပါတယ်။ သတိရှိဘို. သိပ်အရေးကြီးပါတယ်။
ပုထုဇဉ်တယောက်ရဲ. ဘဝမှာ အချိန်မရွေး အကုသိုလ်ဖြစ်နိုင်တာကြောင်. တရားအသိ အတော်လေးရှိနေ မှ တော်ကာကျတာပါ။ ဒီတရားအသိတွေရဖို. စာဖတ်တာတို. တရားနာတာတို. အလုပ်တစ်ခုလိုကို အချိန်ပေးပြီး လုပ်နေသင်.ပါတယ်။ အသိရှိမှ တကယ်လို. အကုသိုလ်ပြုခဲ.မိရင်လည်း အချိန်မှီ ကုစားနိုင်မှာပေါ.။
ဒီတရားတွေ ဖတ်သိ ပြီးမှ ကျွန်တော်တွေး မိတာတစ်ခုရှိပါတယ်။ ဒါကတော. မှန်ကန်တဲ.အသိမရှိသော မိစ္ဆာဒိဌိ များနဲ. ဘုရား သတ်သူ သံဃာသတ်သူ မိဘသတ်သူတွေ ကတော. သူတို.ရဲ. အကုသိုလ်တွေ ဟာ ဘယ်လိုနည်းနဲ.မှ ပယ်ဖျက်လို.ရ နိုင် တော.မှာ မဟုတ်ပါဘူး။
ကဲ မိတ်ဆွေ တို. အသိသာ ရှိပါစေ နောင်တရ ပူပန်ခြင်း ကုက္ကုစ္စ ဖြစ်မနေကြပါနဲ. သတိမပြတ်ထားပြီး ကုသိုလ်တွေ ဆက်ကာဆက်ကာပွားများလိုက်ကြပါ။
ဒီနေရာမှာ နေ.စဉ် ကုသိုလ်ပွားများရအောင် ကျွန်တော်သိထားတဲ. တရားဆောင်ပုဒ်လေးဝေမျှ ပြီး နိဂုံးချုပ်ပါရစေ။ ဒီတရား ဟာ ပွင်.တော်မူပြီးသော ဗုဒ္ဓ အဆူဆူ ဟောကြားခဲ.တဲ. တရားလေးဖြစ်ပါတယ်။

မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား ဗုဒ္ဓ တိုင်းသာဟောမိန်.မှာ သုံးဖြာဤစကား။
Not to do evil, to cultivate merit, to purify ones' mind, this is the teaching of all of the Buddhas.

ကျေးဇူးတင်ပါတယ်။
မိတ်ဆွေများ အကုသိုလ် တရားရှောင်ရှားနိုင် ၍ ကုသိုလ်တရား ပွားများနိုင်ကြပါစေ။
နှလုံးစိတ်ဝမ်းချမ်းမြေ.ကြပါစေ။

ကျွှန်တော်တွေးမိတဲ.ဓမ္မ အတွေး (၁)

မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေု့

ကျွန်တော် Post ရေးရင် သတိထားပြီး မြန်မာသက္ကရာဇ် ထည်.ပေးပါတယ်။ ကျွန်တော်အပါအဝင် နိုင်ငံခြားရောက် မြန်မာအများစုဟာ မြန်မာခုနှစ်၊ လ၊ ရက် တွေကို အမှတ်တမဲ.မေ.နေတတ်ကြလို.ပါ။
မနက်ဖြန် နယုန်လပြည်. နေ. ဖြစ်ပါတယ်။ လပြည်.နေ. အကြို အဖြစ် ကျွန်တော်.ရဲ. ရေးရေးလေး သိမှတ်ထားတဲ. ဓမ္မအသိလေး ကို မျှဝေပေးပါရစေ။
မဟာဂန္ဓာရုံ ဆရာတော် အရှင် ဇနကာဘိဝံသ နဲ. ဆရာတော် ရဝေနွယ် (အင်းမ) တို.ရဲ.ရေးသားချက်တွေက နေ ကောက်နုပ်တင်ပြပေးတာဖြစ်ပါတယ်။
ကျွန်တော်တို. ဗုဒ္ဓဘာသာဝင်တွေဟာ ကံ ကံ၏ အကျိုးကို လက်ခံယုံကြည်ကြပါတယ်။ အခုဘဝ ကြုံတွေ. ရင်ဆိုင်နေကြရသမျှဟာ အတိတ်က ပြုခဲ. တဲ. ကံတွေရဲ. အကျိုးဆက်လို.လက်ခံထားကြပါတယ်။ မမြင်ရတဲ.အတိတ်ကို ခဏထားလို. ဒီလက်ရှိဘဝမှာဘဲ အတိတ် ကိုဖြတ်သန်းခဲ.ပြီး ပစ္စုပ္ပန်မှာ နေ နေကြတာပါ။
ဒီတော. ဖြတ်သန်းပြီးခဲ.တဲ. အတိတ်က အကြောင်းတရားတွေရဲ. ရိုက်ခတ် မှုဟာ ပစ္စုပ္ပန် မှာအရိပ်ထင် ရောင်ပြန်ဟပ်နေမှာဖြစ်ပါတယ်။ အတိတ်တစ်ချိန်ကပြုခဲ. သော ဝမ်းသာကြည်နူးစရာ တွေကို ပြန်တွေးမိရင် ပီတိဖြစ် ရသလို ပြုခဲ.မိတဲ. အကုသိုလ် တွေကိုပြန်တွေးမိရင်လဲ စိတ်လက်မကြည်မလင် နဲ. စိတ်မချမ်းမသာ ခံစားကြရမှာပါ။ အကုသိုလ်ကြောင်. စိတ်ဆင်းရဲဖြစ်တဲ.အပြင် အသိတရားဝင်လာတဲ. အခါ ကံ ကံ၏ အကျိုးကို နက်ရှိုင်းစွာ ယုံကြည်မှု ကြောင်. ဒီအကုသိုလ်တွေရဲ. တူသောအကျိုး ပြန်ပေး မှာကို ကြောက်ရွံ. စိတ်ဖြစ်လာတတ်ပါတယ်။

(အပိုင်း-၂- ဆက် တင်ပြပေး ပါမယ်)

Tuesday, May 25, 2010

ဗေဒါလမ်း (ဆရာဇော်ဂျီ)

ရှေ.က Post နှစ်ခုမှာ ဆရာဇော်ဂျီ ရဲ. "သင်သေသွားသော်" ကဗျာနဲ. "တို.တိုင်းပြည်" ကဗျာနှစ်ပုဒ် ကို တင်ပြပေးခဲ.ပါတယ်။ တကယ်တော. ဒီ ကဗျာလေး တွေက ကျွန်တော်တို. အားလုံးရင်းနှီးခဲ.ပြီးဖြစ်ပါတယ်။
ဒါပေမယ်. ဒီနေ.ဒီအခါမှာ ဆရာရဲ.ကဗျာလေးတွေပြန်ဖတ်ပြီး အဖက်ဖက်က ယိုယွင်းချွတ်ခြုံကျနေတဲ. အမိ မြန်မာပြည်အတွက် အားလုံး ကိုယ်စွမ်းဆောင် နိုင်သမျှ တာဝန်ယူ ကြိုးစားဆောင် ရွက်လိုတဲ.စေတနာတွေ
ပေါ်ပေါက်စေချင်တဲ. ဆန္ဒ နဲ.ပါ။ ဆရာက ဒီကဗျာတွေ ကို ၁၉၃၅ ခုနှစ်က ရေးသားခဲ.ပြီး မြန်မာအမျိုးသားများ
နိုင်ငံ ချစ်စိတ် အမျိုးဂုဏ်ဇာတိဂုဏ် မြှင်.မားအောင် ကြိုးစားလိုစိတ်တွေ ပေါက်ဖွားလာအောင် လှုံ.ဆော်ပေးခဲ.ပါတယ်။ ခုချိန်မှာလဲ ၇၅ နှစ်ကြာလာသည်.တိုင် ကျွန်တော်တို.တစ်တွေ ဖတ်မိတဲ.အခါတိုင်း အမျိုးဘာသာ သာသနာ မြင်.မားစွာနဲ. ဂုဏ်ရောင်ပြောင်တဲ. အမိတိုင်းပြည်ဖြစ်အောင် စွမ်းဆောင် လိုစိတ်တွေ ပေါ်ပေါက်ရန် လှုံ.ဆော်ပေးနေဆဲပါ။

ခုတင်ပြပေးချင်တာကတော. "ဗေဒါလမ်း" ကဗျာ ပါ။
ဆရာဟာ မြစ်ဝကျွန်းပေါ်သား ပေမို. သူ.ပတ်ဝန်းကျင် မှာနေ.စဉ်တွေ.မြင်နေရတဲ. ဗေဒါပန်းလေးကို ရိုးရှင်းစွာခံစားပြီး နိမ်.တုံမြင်.တုံ လောကဓံတရားအပေါ် တုန်လှုပ်မှုကင်းကင်းနဲ. ရင်ဆိုင်နိုင်အောင် လှပစွာ ဖွဲ.သီခဲ.ပါတယ်။
ဆရာ ကေ(k) ရဲ. English ဘာသာပြန်လေးပါ ယှဉ်တွဲပြီး ခံစားကြည်.ကြပါ။
ဆရာ.ကဗျာ မှာ မွေ.လျော်ပြီး
လောဂဓံ (၈)ပါး ကို သတိတရားဖြင်.ခံနိုင်ရည်ရှိသော သူများဖြစ်ကြပါစေ။


ရွှင်လန်းချမ်းမြေ.ကြပါစေ။


ဗေဒါလမ်း

ညိုပြာပြာ လတာပြင့်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ

ပေါ်ပြန်လဲ မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။

ဆရာဇော်ဂျီ (၁၉၀၇-၁၉၉၀)

HYACINTH WAY

At the blue-grey mud-flat's edge
Hyacinth goes ashore with the wave
And down to sea again as the wave recedes.
No bed of roses for her
Jostled by Flotsam,
Submerged by breakers
Hie to the creek for shelter
From palm-fronds and billows
and now what? DUCKS!
Two hundred ducks!
Quacking and racking!
Poor lone Hyacinth
Must grin and bear it!
Translated by Saya K (ဆရာ ကေ)

ကလျှာဏမိတ္တ - ထာဝရမိတ်ဆွေ

မြန်မာ သက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လဆန်း ၁၃ ရက် အဂ်ါနေ.

ကျွန်တော် သုံးရက်လောက် Post မရေးဖြစ်ခဲ.ဘူး။ အမှန်ဝန်ခံရရင်တော. အထီးကျန်ဆံ စိတ်ဓါတ်ကျ စိတ်လေပြီး ဘာမှမလုပ်ဖြစ်ပဲ လေနေခဲ.တာပါ။ တစ်ကယ်တော. ကျွန်တော် အလုပ်လက်မဲ.နဲ. အားနေတုံးမှာ အရင်မဖတ်ဖြစ်ခဲ.သမျှ အတိုးချပြီး စာတွေ ကဗျာတွေ ပြန်ဖတ်ရင်းနဲ. ကျွန်တော် ခံစားမိသမျှ အနုပညာတွေကို မိတ်ဆွေများထံ ဝေမျှ ပေးချင်စိတ် (အတော်ပြင်းပြတဲ. လှုံ.ဆော်စိတ်) ကြောင်.လဲ ဒီ Blog လေးလုပ်ဖြစ်ခဲ.တာပါ။
Blog နဲ.ပါတ်သက်သမျှ နည်းစနစ် တစ်ခုမှမကျွှမ်းကျင်ဘဲ Blog ရေးနေတာလေ။ ကျွန်တော်.မှာ မိတ်ဆွေအပေါင်းအသင်း ရှားပါတယ်။ ခုနောက်ပိုင်းမှာလဲ တစ်ယောက်တည်း နေဖြစ်တာများတယ်။ အဲဒီအချိန်မှာ ရင်ဆိုင်နေရတဲ. ခံစားချက်ဝေဒနာတွေ ပြင်းပြင်းထန်ထန် ပေါ် လာခဲ.ရင် ခံစားမှုနောက်လိုက်ရင်း စိတ်ဓါတ်ကျ စိတ်လေ လါ မိတယ် လေ။
မနေ.ကမှ အခင်ဆုံး သူငယ်ချင်း မိတ်ဆွေ တစ်ယောက်က မမျှော်လင်.ပဲ ဖုန်းခေါ်လာပါတယ်။ သူကBlog အကြောင်းပြောရင်း နဲ. ကျွှန်တော်.ကို အားပေး တိုက်တွန်းပြီး ဝေဒနာတစ်ချို. ကုစားပေးလိုက်ပါတယ်။ သူ.အားပေးစကားကြောင်. စိတ်ကိုပြန် ထိန်းလာနိုင်ပြီး ကျွန်တော်. စိတ်ခွန်အားတွေပြန်ပြည်.လာခဲ.ရပါတယ်။

တကယ်တော. ဘဝမှာ ထာဝရမိတ်ဆွေကောင်းရှိဖို. သိပ်လိုအပ်ပါတယ်။ ထာဝရမိတ်ဆွေကောင်းဆိုတာကလဲ ဘယ်မှာများများ ရှိပါ.မလဲ။ ဆရာကြီး ဦးဂိုအင်ကာ ရဲ.စကားနဲ.ပြောရရင် "ကလျှာဏမိတ္တ" ပါပဲ။ မိမိအကျိုးကို မငဲ.ကွက်ပဲ ဘာမျှော်လင်.ချက်မှမထားပဲ တစ်ယောက်အကျိုး တစ်ယောက် ဆောင်ရွက်ပေးနေချင်တဲ. စိတ်စေတနာ အရင်းခံရှိ နေသူဟာ "ကလျှာဏမိတ္တ" ပဲပေါ.။
ဆရာကြီးဦးဂိုအင်ကာ ကတော. သံသရာလွတ်မြောက်ရေး အတွက်ပါ ကိုယ်သိထားတဲ. မှန်ကန်မွန်မြတ်တဲ. တရားနည်းလမ်းတွေကို ပေးဝေမျှပြီး ထာဝရအေးချမ်းမှုကိုပေးနိုင် တဲ.မိတ်ဆွေ ဟာ "ကလျှာဏမိတ္တ" တဲ.။ ကျွှန်တော်.ကို အချိန်ကိုက် အေးချမ်းသက်သာအောင် ကုစားပေးပြီး တွန်းအား တစ်ရပ်ပေးလိုက်တဲ. မိတ်ဆွေကောင်းသူငယ်ချင်း ကို အထူးကျေးဇူး တင်မိပါတယ်။
ဒီလောကကြီးမှာ တစ်ဦးစီဟာ "ကလျှာဏမိတ္တ" တွေသာ ဖြစ်နေကြမယ်ဆိုရင် လောဘ ဒေါသ မောဟ တွေကင်း ပြီး သာယာအေးချမ်း တဲ. ကမ္ဘာ ကြီး ဖြစ်နေမှာပါ။

"ကလျှာဏမိတ္တ" ထာဝရမိတ်ဆွေ သို. ကျေးဇူးတင် လျှက်
ရွှင်လန်းချမ်းမြေ.ကြပါစေ။

Friday, May 21, 2010

ရင်ကိုထိမှန်သော သီချင်းတစ်ပုဒ်

လေးဖြူ------ စာမျက်နှာ တစ်ဆယ်.ငါး
ဒီနေ. ဘာဖြစ်နေသလဲ မသိပါဘူး၊ Post အသစ်လုပ်မယ် ပြင်ဆင်နေရင်း စိတ်လေသွားလိုက်တာ
ဘယ်လိုမှ Concentrate လုပ်မရတော.ဘူး။ ရေးချင်တာကလဲ ကဗျာရှည်ဖြစ်နေတော. Typing
နှေးတာ ရယ် မကျွှမ်းကြင် တာလဲပါတာပေါ.လေ။
နောက်ဆုံးတော. Postေ၇းနေတာ ရပ်ပြစ်လိုက်ရတယ်။
ဘာမှမလုပ်ချင်တော.တာနဲ. Web site တွေက ဗမာသီချင်းလေးတွေ လိုက်ရှာပြီး နားထောင်မိတယ်။
တကယ်တော. ၁၉၉၀ နောက် ပိုင်း စတီရီယို သီချင်းတွေ ကို ကျွှန်တော် သိပ် ရင်းနှီးကျွှမ်းဝင်မရှိလှပါဘူး။
ဒါပေမယ်. Iron cross အဖွဲ.နဲ. လေးဖြူ ၊ အငဲ၊ မျိုးကြီး တို.ရဲ.သီချင်းတွေ တော.တစ်ခါတစ်ခါ နားထောင်
ဖြစ်တယ်၊ ခံစားလို.လဲရတယ်။ အခုလဲ လေးဖြူ ရဲ. သီချင်းလေးတွေ ရှာ နားထောင် မိရင်း ခံစားမိတာလေး
ဝေမျှလိုက် ပါတယ်။ ထူးခြားတာလေးတစ်ခုလဲ ပြောပြချင်လို.ပါ။
Album Title ……….. ဘဂ်လားပင်လယ်အော်
သီချင်းအမည် ……… စာမျက်နှာတစ်ဆယ်.ငါး
တေးေ၇း ………… မောင်မောင်ဇော်လတ်



စာမျက်နှာတစ်ဆယ်.ငါး

အတိတ်တွေက မှုံဝါးပေမယ်.
ငါတို.နှစ်ဦး ဇာတ်လမ်းမှာ တစ်ချို.နေရာက
အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတကွက် ပိတ်သားထက်
အရင်လိုကြည်.မကောင်းပေမယ်. မြင်ရတယ်
အဓိပ္ပာယ် မရှိတာ သိပေမယ်.
တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေ ရှိလာတော.လဲ
အမှတ်တမဲ. မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော.
လွယ်ကူစွာနဲ./လွယ်လွယ် ငါ မေ.မရဘူးကွယ်
တွေ.ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ


ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ. မင်း ရှိနေမယ်
တွေးမိပါတယ်လွမ်းမောရင်းနဲ.
စဉ်းစားရင်းနဲ. သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ. မင်း ရှိနေမယ်
တွေးမိပါတယ်လွမ်းမောရင်းနဲ.
စဉ်းစားရင်းနဲ. တစ်ခါတစ်လေ ငါ သတိရပါတယ်။


ဒီ Album နဲ. သီချင်း မှာ ဘာထူးခြားလဲ ဆိုတော. Album နံမည်(ဘဂ်လားပင်လယ်အော်) နဲ.
သီချင်း Album ထဲမှာ တစ်ပုဒ်မှ မပါ ပါဘူး။ နောက်ပြီး ဒီသီချင်းခေါင်းစဉ် (စာမျက်နှာတစ်ဆယ်.ငါး)
ဆိုတဲ. စာသား ဒီသီချင်းထဲမှာ တစ်လုံးမှ မပါ ပါဘူး။
ဒီသီချင် ကို ခံစားနားထောင်ချင်ရင်တော.
www.myanmarsongs.net က Home page က Popular Album အောက်မှာ အလွယ်နားဆင်နိုင်ပါတယ်
ခံစားနားဆင်ကြည်.ကြပါ။
နှလုံးစိတ်ဝမ်း ချမ်းမြေ.ကြပါစေ။

မိုးခေါင၊် ရေရှားမှု အပူလှိုင်း နှင်. ဦးကျော်သူ Interview

ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
ဧရာဝတီ Thursday, May 20, 2010
ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူသည် ၂၀၀၁ ခုနှစ် ဇန်န၀ါရီလတွင် နာရေးကူညီမှု အသင်းကို စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခ၏ လမ်းညွှန်မှုဖြင့် ဦးစီး တည်ထောင်ခဲ့ပြီး ၂၀၀၇ ခုနှစ် မတ်လတွင် သုခကုသိုလ်ဖြစ် ဆေးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။ ၂၀၀၈ ခုနှစ်မေလက တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်း နောက်ပိုင်းတွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်း ထောက်ပံ့မှုများယူ၍ ကူညီခဲ့သည်။ ဦးကျော်သူ သည် ယခုနှစ် ဧပြီလ အတွင်းက မြန်မာ ပြည်အတွင်း လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့ကို ပြည်ပရောက် မြန်မာများက ချီးမြှင့်သည့် ပထမအကြိမ် “ပြည်သူ့ ဂုဏ်ရည်” ဆု ရရှိခဲ့သူ ဖြစ်သည်။ ယခုနှစ်တွင် မြန်မာပြည်၌ အပူချိန် မြင့်တက်လာသောကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခဲ့ရာ ရေဒုက္ခ ရင်ဆိုင်နေရသည့် ပြည်သူများကိုလည်း ဦးကျော်သူ ဦးဆောင်သည့် ၎င်း အသင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ရေကုသိုလ် ပြုလျှက်ရှိသည်။ ထို့ကြောင့် ဦးကျော်သူ ဦးဆောင်သည့် နာရေး ကူညီမှု အသင်း လက်ရှိကြုံတွေ့နေရသော အခြေအနေနှင့် အခက်အခဲများကို ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်း၍ ဖော်ပြလိုက်ပါသည်။

မေး။ ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ရေလှူတဲ့ ရေကား တွေမှာ သူတို့ အလံတွေ ထူခိုင်း တယ်လို့ ကြားတယ်၊ ကိုကျော်သူ တို့ကော အဲဒီလို အဖြစ် မျိုးတွေ ကြုံရလား။

ဖြေ။ ။ ကျနော် တို့တော့ မသိသေးဘူး။ ဒလဘက် သွားကြတယ်။ အဲဒါ ဘာကြား မလဲတော့ မသိသေးဘူး။ ပဲခူးဘက် သွားတုန်း ကတော့ အဲဒီလို မလုပ်သေးဘူး။ ကျနော်တို့က နာရေး ကူညီမှု အသင်း (ရန်ကုန်) ဆိုတဲ့ ဗီနိုင်းချပ် ကြီးတွေ ချိတ်သွားတာ။ ကြံ့ဖွံ့အလံ ထောင်လို့လည်း မရဘူး။ ထောင်ခွင့်လည်း မပေးနိုင်ဘူး။

မေး။ ။ အခု ရန်ကုန်မှာ မိုးလည်း စရွာနေပြီဆိုတော့ ရေလှူတဲ့အလုပ် ဆက်လုပ်နေရတုန်းပဲလား။ ရေလှူတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။

ဖြေ။ ။ ရန်ကုန်တိုင်းထဲမှာ အကုန် သူ့ဟာနဲ့ သူတော့ ဆိုးနေကြတာပဲ။ ဟိုနေ့က ပဲခူးဘက်သွားတယ်။ နောက် ဝေါ ဘက် ၊ သက္ကလ ရွာတွေဘက် သွားတယ်။ မိုးရွာပေမယ့် ကြာကြာ ရွာတာမှ မဟုတ်တာ။ ရေလှူတဲ့ နေရာမှာလည်း အခက်အခဲတွေ ရှိတယ်။ ရေဒုက္ခသည်တွေက ကျနော်တို့ ရေသွားလှူရင်တောင်မှ သူတို့မှာ ထည့်စရာ ပုံးတို့၊ ခွက်တို့တောင် သိပ်မရှိကြဘူး။ ကျနော်ကတော့ ရေအုတ်ကန်လုပ်ဖို့ စဉ်းစားထားတယ်။ ရွာတရွာမှာ လမ်းဘယ်နှလမ်းရှိလဲ ကြည့်မယ်။ အုတ်ကန်လေး သွားပြီး လုပ်ပေးမယ်။ အဲဒီလမ်းက လူတွေ ရေကိုမျှပြီး သုံးကြပေါ့။ မိုးရွာတယ်ဆိုလည်း ဒီအုတ်ကန်က ရေခံထားပြီးသား ဖြစ်သွား တာပေါ့။ အဲဒီလို ကျနော်က စဉ်းစားနေတာ။ တချို့နယ်တွေက အ၀ီစိတွင်း တူးလို့မရတာတွေ ရှိတယ်။ တချို့ဆို ရေတွင်းတူးတာတောင်မှ ရေချိုမထွက်ဘူး။ ရေငန်ထွက်တဲ့ အပိုင်းတွေဖြစ်နေတယ်။ အဲဒီလိုဆိုတော့ နည်းနည်းတော့ အခက်အခဲ ဖြစ်တယ်။

မေး။ ။ ရေအခက်အခဲ ဖြစ်တဲ့ရွာတွေမှာ အဆိုးရွားဆုံး အနေအထား ဘယ်လောက်ထိ ရှိနေလဲ။

ဖြေ။ ။ အဲဒါကျနော် မလိုက်သွားတော့ မသိဘူး။ နာရေး အသင်းကလည်း တော်တော်သင်္ဂြိုဟ်ပေးရတာတွေ များနေတော့ ဒီဘက်ကလည်း လက်လွှတ်လို့မရဘူး။ ဟိုဘက်ကို ကျနော့် အမျိုးသမီး လိုက်သွားတယ်။ နောက်တခုက ကျနော်ပါရင် ပုံစံက တမျိုးဖြစ်လိမ့်မယ်လေ။ ရေဘေးဒုက္ခသည်တွေဆီ ရောက်သွားရင် ဌာနဆိုင်ရာက ကျော်သူပါလာတယ်ဆိုရင် တမျိုးဖြစ်သွား နိုင်တယ်။ ဒါနဲ့ ကျနော် မလိုက်တော့တာ။

ကျနော်တို့က ဝေါမြို့နယ်တို့၊ ပဲခူးဘက်တို့မှာ သွားလှူတဲ့အခါ ပဲခူးမြို့ပေါ်က ရေအလှူရှင်ရှိတယ်။ သူ့အိမ်မှာသွားပြီး ကျနော်တို့က ပိုက်ကိုတပ်၊ စက်နဲ့စုပ်ပြီး ရေပုံးတွေထဲ ထည့်တယ်။ ဂါလန် ၂၅၀၀ ထည့်ပြီး တခေါက်သွား၊ တနေ့ကို ၂ ခေါက်၊ ဂါလန် ၅၀၀၀ အနည်းဆုံး လုပ်ပေးနေတယ်။ ဒီ ရေ အလှူရှင်ကလည်း သူ့အိမ်ကရေတွင်း၊ ရေကန် လျော့တဲ့အထိတော့ ဘယ်လှူနိုင်မလဲ။ အတိုင်း အတာက ပြဿနာတက်တယ်။ ရန်ကုန်မှာတောင် ကျနော်တို့ အိမ်တွေဘက်ရေက မလာတော့ဘူး။ ဂျိုးဖြူရေကမလာတော့ဘူး။ ကျနော်တို့ အားလုံးဒုက္ခရောက်သလို၊ ပြည်သူအားလုံးလည်း ဒုက္ခ ရောက်နေကြတယ်။

အဝီစိတွင်းတူးဖို့တော့ စ စုံစမ်းခိုင်းထားတယ်။ ပဲခူးဘက်မှာတော့ တနေရာရပြီ။ အဲဒီနေရာမှာ ဘာမှမရှိဘူး ဆိုတော့ အဲဒီနေရာမှာပဲ အဝီစိတွင်း တူးပေးဖို့ရှိတယ်။ နောက် ကျနော်တို့ ဒလဘက်ကိုရေဝေဖို့ သွားရင်းနဲ့ စုံစမ်းဖို့ပြောထားတယ်။ ဒလဘက်မှာ ဘယ်သူ သြဇာအာဏာညောင်းလဲ။ ဆရာတော်ကြီးတွေဆီ ချဉ်းကပ်ပြီး၊ ဆရာတော်ကြီးတွေကနေ ဦးစီးပြီး ဘယ်အရပ် ဘယ်လမ်းမှာ ဘာလုပ်ပေးပါဆိုတဲ့ ဆရာတော်ကြီးတွေ သြ၀ါဒခံပြီးပဲ လုပ်တော့မယ်။ ဒီ့ပြင် ဘယ်အဖွဲ့အစည်း ကိုမှ သွားပြီး သြ၀ါဒလည်း မခံနိုင်ဘူး။ အလှူရှင်တွေက ကျနော်တို့ကို ယုံကြည်ပြီးလှူထားတဲ့ဟာ၊ ဒုက္ခသည်တွေ လက်ထဲကို ရောက်အောင်တော့ လုပ်ပေးရမှာပဲ။

မေး။ ။ အခုလို ရေအခက်အခဲက ခါတိုင်းနှစ်တွေလည်းဖြစ်တယ်လို့ သိရတယ်။ ဒီနှစ်နဲ့ ဘယ်လိုကွာပါသလဲ။

ဖြေ။ ။ ခါတိုင်းနှစ်က ဒီလောက်မဖြစ်ဘူး။ ၇ မိုင်ဆိုလည်း ၇ မိုင်မှာရေပြတ်သွားတာမျိုး၊ မလာတော့တာ ဒါတွေက ရှိတယ်။ ရေရှည်တော့ မဟုတ်ဘူး ခဏတဖြုတ်ဖြစ်တာ။ ဒီနှစ်က ပိုလည်းပူတော့ ပိုပြီးဆိုးကုန်တာပေါ့။ ရေကန်တွေလည်းခန်း၊ ရေတွင်းတွေလည်း ကုန် အဲဒီလိုဖြစ်ကုန်တာ။

မေး။ ။ ရေပြဿနာဖြစ်ရတဲ့ အဓိကနေရာတွေက ရေကန်နဲ့ ရေတွင်းတွေကို ပိုပြီး အားပြုသုံးနေရတဲ့နေရာတွေက ဖြစ်တာလား။

ဖြေ။ ။ တချို့နယ်တွေက အ၀ီစိတွင်းတွေမရှိဘူး။ သောက်ရေကန်ဆို သောက်ရေကန် အဲဒီက ခပ်ကြ။ ကန်ကရေ ကုန်တော့ သွားရော။ တချို့နေရာတွေဆို ကျနော် ကြားတာ ဘယ်အဖွဲ့အစည်းက ငါးမွေးမယ်ဆိုပြီး ကန်ကို သိမ်းလိုက်တယ်။ ဒီလို သိမ်းလိုက်တဲ့အတွက် ရာသီဥတု ပူတဲ့အခါကျတော့ ငါးမမွေးဖြစ်ဘူး။ အဲဒီတော့ သောက်ရေလည်း မရတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်တာ။

မေး။ ။ ရေ အခက်အခဲကြောင့် ရောဂါဖြစ်တာတို့၊ သေကြေပျက်စီးတာတို့ ဘယ်လောက်အထိ ဆိုးဆိုးရွားရွားဖြစ်လဲ။

ဖြေ။ ။ နယ်တွေတော့မသိဘူး။ ကျွန်တော်တို့ နာရေးကူညီမှုအသင်းဆို အပူဒဏ်ကြောင့်ဆုံးတာ တနေ့တနေ့ကို ၇၈ လောင်းလောက် အတွက်ကို လိုက်လုပ်ပေးနေရတယ်။ အရင်နှစ်တွေ တုန်းကဆို တနေ့ကို ၄၀ ကျော် ၄၅ လောင်း လောက်ပဲရှိတယ်။ အခုဆို ၇၀ ကျော် ၈၀ နီးပါး ကပ်နေပြီ။ ပိုလာတဲ့ အရေအတွက်က ရာသီဥတုကြောင့်လို့ ကျနော်တို့ တွက်လို့ရတယ်။ အရွယ်အားဖြင့် ကတော့ မျှတယ်။ အထူးသဖြင့်လူကြီးပိုင်း ပိုသေကြတယ်။ ကိုဗလ (မင်းသားသုမောင်) ဆိုလည်း အသည်းရောဂါရှိတာက ရှိတာပဲ၊ အပူဒဏ်ကြောင့် ဆိုးသွားပြီး မခံနိုင်ဘဲဆုံးတာ။ ပန်းချီ သန်းမြင့်အောင်ဆိုလည်း အပူကြောင့် ဆုံးတာပဲ။

မေး။ ။ အခြေခံ လူတန်းစားတွေကတော့ ပိုသေကြမယ်ထင်တယ်။
ဦးကျော်သူနှင့် ပဲခူးမြို့မှ ဥပဒေ အကျိုးဆောင် ဦးအေးမြင့်တို့ ပဲခူးတိုင်းအတွင် ရေလှူဒါန်းရန်ကိစ္စ ဆွေးနွေးနေစဉ်
ဖြေ။ ။ လောလောဆယ် ဒီမှာဖြစ်တာ ကြုံရ တာကတော့ ဦးနှောက် သွေးကြော ပြတ်ပြီး ဆုံးကြတာ ကြားတယ်။ အငှားယာဉ် မောင်းတဲ့ သူတွေ၊ ဆိုက်ကား သမားတွေ ဖြစ်ကြတယ်။ ခရီးသည်တင် ယာဉ်မောင်း တယောက် ဆိုရင် ကားဂိတ် ရောက်တဲ့ အချိန်မှာ သူ ရေခဲရေ သောက်တယ်။ နောက်ကား ရှိလို့ စပယ်ရာက သွားဖို့ ပြောတဲ့ အခါ ကျတော့ ကားက မသွားဘူး။ အဲဒါနဲ့ သွားကြည့်တော့ ကားပေါ် မှာတင် အသက် ပျောက်နေတယ်။ နောက် ဆိုက်ကား ဆရာတို့ ဘာတို့ဆို ပူတော့ မျက်နှာသုတ် ပုဝါကို ရေစွတ်ပြီး ပခုံးပေါ် တင်ထားတယ်။ အဲဒါနဲ့ ဦးနှောက်ကြော ပြတ်ပြီး ဆုံးတာ။

မေး။ ။ အခုလို ကူညီတဲ့ အလုပ်တွေ လုပ်နေတဲ့ အထဲမှာ အခက်ခဲဆုံးက ဘာဖြစ်မလဲ။

ဖြေ။ ။ အခက်အခဲကတော့ နာရေးနဲ့ ပတ်သက်ရင် သင်္ဂြိုဟ်ပေးဖို့ အအေးခန်း အခက်အခဲပဲ။ အအေးခန်းငှားမယ် ဆိုလည်း အအေးခန်းမှာ အလောင်းတွေက ပြည့်လျှံနေပြီ။ နေ့လယ် ၁၂ နာရီကျော်လောက်မှ အအေးခန်းမှာ ထားခွင့်ရှိတယ်။ အားရင်တောင်မှ အလောင်းတွေက တော်တော်လေးများလို့ အနံ့အသက်လည်း မကောင်းတော့ဘူး။ ဆေးရုံအအေးခန်းတွေ ဆိုလည်း အနံ့အသက်တွေက မကောင်းဘူး။ ကျန်းမာရေးအရ ပတ်ဝန်းကျင်အတွက်လည်း မကောင်းဘူး။

ရေလှူတဲ့ အပိုင်းကတော့ အခုလောလောဆယ် အခက်အခဲမရှိသေးဘူး။ ကျနော်တို့ ဂါလန် ၂၅၀၀ ဆန့်တဲ့ ရေပုံးတွေ ၀ယ်တယ်။ ဒလဘက်က ရွာတွေကို သွားမယ်ဆို ဒလ မြို့ပေါ်က ရေအလှူရှင်ရှိတယ်။ ဒီအတိုင်း ကားနဲ့ သွားပြီး ရေအလှူရှင်အိမ်မှာ ရေထည့်ပြီး ရွာတွေကို ဝေတာပေါ့။ ဒလဘက်က ရေအလှူရှင်မရှိဘူးဆို ရန်ကုန်ကနေ သယ်ရမယ်၊ အဲဒါဆိုရင်တော့ သွားရေးလာရေး နည်းနည်းကြန့်ကြာမယ်၊ နည်းနည်းလည်းပင်ပန်းမယ်။ အဲဒါတွေတော့ ရှိတယ်။

ပဲခူးဘက်ဆိုလည်း ပဲခူးဒေသခံက ကျနော်တို့ ကို အကူအညီပေးတယ်။ လူမှုရေး သမားတွေနဲ့ လူမှုရေး စိတ်ဓာတ် ရှိတဲ့သူတွေ ကျနော်တို့နဲ့ ပူးပေါင်းပြီးတော့ သူတို့ပဲ လုပ်ပေးကြပါတယ်။

မေး။ ။ နာဂစ်တုန်းက တဦးချင်းအလှူရှင်တွေ၊ လူမှုရေး လုပ်ချင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီးပဲ ရှိခဲ့တယ်လေ။ အခု ရေလှူတဲ့ အခုအချိန်မှာကော တဦးချင်း အလှူရှင်တွေ၊ စေတနာ့ဝန်ထမ်းတွေ အများကြီးရှိလာလား။

ဖြေ။ ။ များပါတယ်။ ဒါပေမယ့် ဒီတခါ တော်တော် တင်းတင်းကျပ်ကျပ် လုပ်ရတယ်။ နာဂစ်ကနေ ကျနော်တို့ အတွေ့အကြုံ တွေ အများကြီးရခဲ့တယ်။ စေတနာ့ဝန်ထမ်းပဲဖြစ်ဖြစ်၊ ရိုးရိုးသာမန်လူပဲ ဖြစ်ဖြစ် အရေးကြီးတာ သူတို့ စိတ်ဓာတ်ပဲလေ။ နာဂစ်တုန်းကဆို နယ်တွေသွားတယ်၊ ကျနော်တို့ မလိုက်နိုင်တဲ့ နယ်တွေဆို ဒီတိုင်း လွှဲပြီး လွှတ်လိုက်ရတယ်။ အဲဒီမှာ အလှူရှင်ရဲ့အလှူငွေတွေ၊ နောက် မမြင်ဘူးတဲ့ အစားအစာ၊ မမြင်ဘူးတဲ့ အ၀တ်အထည်၊ မသုံးဘူးတဲ့ ပိုက်ဆံတွေ သုံးရတော့ စာရိတ္တ ပျက်ပြားတာတွေ မြင်ခဲ့တယ်၊ တွေ့ခဲ့တယ်။ အဲဒါကြောင့် အဲဒီလို မဖြစ်အောင် တင်းတင်းကျပ်ကျပ် ကျနော်တို့ လုပ်ထားတယ်။

မေး။ ။ ရေရှည်အတွက် ကန်တွေဆောက်မယ် လို့လည်းပြောတယ်၊ အ၀ီစိတွင်းတွေ တူးမယ်လို့လည်း ပြောတယ်။ နောက်နှစ်တွေလည်း ဒီထက် ပူချင် ပူလာနိုင်မယ့် အလားအလာတွေ ရှိနေတယ်ဆိုတော့ ကိုကျော်သူတို့ ဘယ်လောက်ထိ စီမံကိန်းချထားတာ ရှိလဲ။

ဖြေ။ ။ စီမံကိန်းက ကျနော်တို့ ချလို့မရဘူး၊ အစိုးရက လုပ်ရမှာ။ ကျနော်တို့လည်း ရေရှည် ဒီဟာကြီးကို လိုက်လုပ် မပေးနိုင်ဘူး။ နာရေးကိစ္စတို့၊ ဆေးခန်းကိစ္စတို့ ကျနော်တို့ လုပ်နေရတယ်။ နိုင်ငံတော် အနေနဲ့ တတ်သိ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး အမြန်ဆုံး ကွင်းဆင်း အကောင်အထည်ဖော်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ အပင်စိုက်သင့်ရင်စိုက်၊ တလမ်းကို ရေတွင်း ဘယ်နှတွင်းတူး ဆိုတာမျိုး လုပ်ရမယ်။ ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့ မရဘူး။

ကျနော်တို့ကတော့ ကြုံရင်ကြုံသလို လုပ်ပေးနေတာပဲ။ လှိုင် မီးဘေးတုန်းက ၀ါးတရာ မီးဘေး စခန်းကိုသွားပြီး အ၀ီစိတွင်းတွေ တူးပေးရတယ်၊ အိုးခွက်တွေ၊ အ၀တ်အစားတွေ သွားလှူရတယ်။ နဂစ်ဆိုလည်း နာဂစ်အလျောက် လုပ်နေရတာပဲ။ သဘာဝ ဘေးဒဏ်ပေါ် မူတည်ပြီး ကျနော်တို့ လုပ်ပေးနိုင်သလောက်ပဲ လုပ်ပေးကြတာပါ။

Thursday, May 20, 2010

တို.တိုင်းပြည် (ဆရာဇော်ဂျီ)

ဒီနေ.တော. ဆရာဇော်ဂျီ ရဲ. နောက်ကဗျာလေး တစ်ပုဒ်ကို ဝေမျှပေးပါရစေ
တကယ်တော. ဒီကဗျာလေးဟာ ကျွှန်တော်တို.အားလုံးရင်းနှီးခဲ.ပြီးဇြစ်ပါတယ်
ဒါပေမဲ. အခြေအနေ အရပ်ရပ်မှာ ချွှတ်ခြုံကျနေတဲ. အမိမြန်မာပြည် အတွက်
ဒီကဗျာလေးကို ပြန်ရေရွတ်ကြရင်း ဆရာဖြစ် စေချင်သလို ကျွှန်တော်တို.
အားလုံး တတ်စွမ်းသမျှ အားမပျော. မလျှော.လုံ့လ နှင်. ကြိုးစားကြစေချင်လို.
တင်ပြပေးလိုက်ရတာပါ။
ကျေးဇူးတင်ပါတယ်


တို.တိုင်းပြည်

ထလော.မြန်မာ၊ အိုမြန်မာတို.
တို.ရွာ တို.မြေ၊ တို.ရွာမြေဝယ်
စေတီစပါး၊ များလည်း များ ၏
များပါလေလည်း၊ တမွဲမွဲနှင်.
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညိုးညိုးနှင်.
ပုထိုးမြင်.မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည်.လည်သွားလျက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော.မြန်မာ၊ အိုမြန်မာတို.
တို.ရွာ တို.မြေ၊ တို.ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင်.
သီးနှံချိုပျား၊ များလည်းများ ၏
များပါလေလည်း၊ တမွဲမွဲနှင်.
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
ဆွမ်းမျှမတင်နိုင်၊ ရှိမည်တည်း။

ထလော.မြန်မာ၊ မြန်မာထလော.
အားမပျော.နှင်.၊ မလျှော.လုံ.လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင်.
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော.
ဤမြေဤရွာ၊ ဘယ်သူ.ရွာလည်း
ဤရွာစပါး၊ ဘယ်သူ.စပါးလည်း
ထားလော.တာဝန်၊ ပွန်လော. လုပ်ငန်း
ဥာဏ်ရှေ.ပန်း၍
တစ်ဝမ်းတစ်စိတ်၊ ညီစေသတည်း။

ဆရာဇော်ဂျီ (ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၁၊ သြဂုတ် ၁၉၃၅)

Wednesday, May 19, 2010

"သင်သေသွားသော်" (အမျိုးသားစာဆို-- ဆရာဇော်ဂျီ ၁၉၃၅ ခု ဒီဇင်ဘာလထုတ် အိုးဝေမဂ္ဂဇင်း)

ကျွှန်တော် Blog လုပ်တာ ရေးတတ်ဖွဲ.သီတတ်လို.တော.မဟုတ်ပါ
ပိုဆိုးတာကတော. Computer Typing အရမ်းညံ့ အရမ်းနှေးပါတယ်၊
ဒါဖြင်. ဘာလို.လုပ်သလဲ…??
ကျွန်တော် ဖတ်မိ တဲ. စာကောင်း လေးတွေဝေမျှပေးချင် တဲ.ဆန္ဒကြောင်.ပါ။
ခုလဲ ကျွှန်တော် ကြိုက်တဲ. ကဗျာလေးတွေ တပုဒ် ချင်း ဝေမျှ ပါရစေ




သင်သေသွားသော်

သြော် …… လူ.ပြည်လောက၊ လူ.ဘဝကား
အိုရ နာရ၊ သေရ ဦးမည်
မှန်ပေ သည်တည်.။

သို.တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို.မြေသည်
အခြေတိုးမြင်.၊ ကျန်ကောင်းသင်.၏။

သင်၏ မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင်.၊ ကျန်ကောင်းသင်.၏။

သင်ဦးချ၍ ၊ အမျှဝေရာ
စေတီသာနှင်.၊ သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျှက်ဝင်းလျှက် ကျန်စေသတည်း။

ဆရာ ဇော်ဂျီ (၁၉၃၅ ခု ဒီဇင်ဘာလထုတ် အိုးဝေ မဂ္ဂဇင်း)

ကျွန်တော် တို. ခင်ဗျား တို. တိုင်းပြည် နဲ. အမျိုးသား ကြီးပွားတိုး တက်မြင်.မားဘို.
ဘာတွေ ဘယ်လောက်လုပ်ခဲ.ပြီး ပြီလဲ။ ဆရာဇော်ဂျီ လို သေရဲကြပြီလား ..????
ကျွန်တော် တော.သေရဲ ဘို. ကြိုးစားရပါဦးမယ် ............
ကျေးဇူးတင်ပါတယ်

ရွေးကောက်ပွဲ နဲ.ပါတ်သက်လို.------

မိတ်ဆွေများ ရဲဘော်များ ခင်ဗျား

ကျွှန်တောာ်.သဘောထားကတော. န.အ.ဖ ရဲ. ၂၀၁၀ ရွေးကောက်ပွဲ ကို အသိအမှတ်မပြုပါဘူး

အပြည်.အ၀ ရာနှုံးပြည်. ကန်.ကွက်ပါတယ်။ ဒါပေမယ်. ဆရာမောင်ဝံသ ပြောပြတဲ. အချက်ကလေးတွေ ကတော.

သိထားသင်. တာမို. ဝေမျှလိုက်တာပါ။အလုပ်မရှိ အားအားယားယား လျှေက်ပွါးနေတယ် လို.လဲ မထင်ကြ ပါနဲ.။ တတ်နိုင်သမျှ လုပ်နေတာပါ။ အားလုံး အသိရှိ၍ အမြင်မှန် ဘို. အရေးကြီးပါတယ်။ သေချာ ဖတ်ပြီး လက်ဆင်.ကမ်း ပေးသင်. ပါတယ်။ အနိမ်.ဆုံး ညီအကို မောင်နှမ ဆွေမျိုး သားချင်း များကို ပြောပြပေးပါ။

မကြောက်ကြပါနဲ.။

ကျွှန်တော်. ဆရာမ တယောက်ပြော ပြဘူးသလို ပြော ရရင်

“နွံထဲ ၌ လှည်းဘီး ကျွှံနေသည် ကူ၍ တွန်းပေးကြပါ လေးလွန်း၍ မတွန်း နိုင်ဘူး လား ပြိုင်တူတွန်းရင် ရွေ.နိုင်ပါ သည်”

မတွန်း ကြရင်တော. နွံထဲ ကထွက် ရမှာ မဟုတ်ပါ။

ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။
---------------------------------------------------------------------------------------------------------------------------
ပြည်သူတို့ သိထားရမည့် ရွေးကောက်ပွဲဆိုင်ရာ

ဆရာမောင်ဝံသ၏ အမြင်

(၂၀၁၀ ခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် ပေါ်ပြူလာနယူးစ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ အမြင် ဖြစ် ပါတယ်။ )

ရွေးကောက်ပွဲ ဆိုသည့် အသံကို နှစ် ၂၀ ကြာမှ တစ်ဖန်ကြားရသည်။ လက်ရှိတွင် အသက် ၃၀ နှင့် ၃၅ နှစ် ကြား ရောက်ရှိနေသော လူငယ်များပင်လျှင် ရွေးကောက်ပွဲ ဆိုသည့် ဝေါဟာရကို ယခုမှ အသိရှိ ရှိကြား သိရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေထွက်ပြီး ပြီးချင်းပင် ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော နိုင်ငံရေး ပါတီများက လျှောက်လွှာ တင်ကြသည်။ သတင်း ဂျာနယ်များ၌လည်း ရွေးကောက်ပွဲနှင့် ဆက်စပ် အကြောင်းအရာများကို ဖော်ပြကြသည်။

ပြည်သူများ၏ ရွေးကောက်ပွဲ အပေါ် စိတ်ဝင်စားမှု ရေချိန်ကို စနစ်တကျ ဆာဗေး လုပ်နိုင်ခြင်း မရှိသော်လည်း ပညာတတ် အလွှာထဲမှ အသက် ၂၀ နှင့် ၃၅ နှစ်ကြား လူငယ် ၁၅ ဦး တို့အား တွေ့ဆုံမေးမြန်း ခဲ့ရာမှာတော့ ရွေးကောက်ပွဲ ကျင်းပမည် ဆိုသည်ကို သိသည် ဆိုရုံပင်။ သူတို့အားလုံး တညီတညွတ်တည်း ဖြေဆို ကြသည်မှာ လတ်တလော အချိန်ထိ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုသော သူများကို ‘မသိ’ ဖြစ်သည်။

မသိ၍ မဲမပေးခြင်းက ပြဿနာ မရှိသော်လည်း မသိဘဲနဲ့ မဲပေးခြင်းကတော့ ပြဿနာ ရှိသည်ဟု ထင်သည်။ မဲဆန္ဒရှင်များက မဲပေးမည် ဆိုပါက မည်သို့သော အရည်အချင်း ရှိသူကို မဲပေးရမလဲ၊ သူတို့၏ အရည်အသွေး ကို မည်သည့် ပေတံဖြင့် တိုင်းတာ၍ အကဲဖြတ် သင့်သလဲ၊ နိုင်ငံရေး သမားဆိုတာ ဘယ်လို အရည်အချင်မျိုး ရှိသင့်တာလဲ၊ မိမိတို့ ရွေးချယ် လိုက်သော ကိုယ်စားလှယ်တို့၏ လုပ်ပိုင်ခွင့် အာဏာက ဘာလဲ။ စသည့် အချက် များကို သိရှိကြရန် လိုသည်ဟု ထင်၏။

ထို့ကြောင့် နိုင်ငံရေး ဆောင်းပါးများကို အထူးပြု ရေးသားနေသူ စာရေးဆရာ မောင်ဝံသအား အထက်ပါ အကြောင်း အရာများနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်း ခဲ့သည်များကို တင်ပြ လိုက်ပါသည်။ (သတင်းအဖွဲ့)

ဘယ်လိုအရည်အသွေးရှိသူတွေကို မဲပေးသင့်မလဲ

၂၀၁၀ ရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံ ဥပဒေ အရဆိုရင် ပြည်သူ့လွှတ်တော် ရှိမယ်၊ အမျိုးသား လွှတ်တော် ရှိမယ်။ နှစ်ခုပေါင်းတဲ့ ပြည်ထောင်စု လွှတ်တော်ရှိလာမယ်။ ရွေးကောက် ခံရသူတွေရဲ့ အဓိက တာဝန်ဟာ မဏ္ဍိုင်ကြီး ၃ ခုဖြစ်တဲ့ ဥပဒေပြု မဏ္ဍိုင်ရယ်၊ အုပ်ချုပ်ရေး မဏ္ဍိုင်ရယ်၊ တရားစီရင်ရေး မဏ္ဍိုင်ရယ် ဆိုပြီး ရှိတဲ့ အထဲမှာ သူက ဥပဒေပြု မဏ္ဍိုင်နဲ့ပဲ သက်ဆိုင်တယ်။ အဓိက တာဝန်က အောက်လွှတ်တော်ပဲ ဖြစ်ဖြစ်။ အထက် လွှတ်တော် အမတ်ပဲ ဖြစ်ဖြစ် ရွေးချယ်ခံရပြီ ဆိုရင် ဥပဒေပြုရတဲ့ တာဝန်ကို အဓိက ပါဝင် ဆောင်ရွက်ရမယ်။ ဥပဒေပြုတယ် ဆိုတာလည်း တိုင်းပြည်အတွက် သင့်တော်မယ့် ဟာတွေကို ရှာကြံပြီး လုပ်ရပါတယ်။ ဥပမာ ယစ်မျိုး ခွန်တွေကို အခုထက် ပိုပြီး ကောက်ခံသင့်တဲ့ အကြောင်း၊ ဒါမှ မဟုတ်ရင်လည်း ဘယ်အခွန်က ကောက်သင့်တယ်၊ ဘယ်အခွန်က ပယ်သင့်တယ် ဆိုတာမျိုး။ ကုန်ထုတ်လုပ်မှု တိုးတက်မှု လုပ်ငန်းရှင်တွေကို အားပေးတဲ့ အနေနဲ့ အခွန် လျှော့သင့်တဲ့ အကြောင်း စသည်ဖြင့်ပေါ့။ သက်ဆိုင်တဲ့ ဥပဒေတွေကို သူကိုယ်တိုင် တင်ဖို့ တာဝန်လည်း ရှိတယ်၊ တင်နိုင်ရမယ်။ တခြားသူက တိုင်းပြည်အတွက် ကောင်းမယ် ထင်တဲ့၊ အကျိုးရှိမယ့် ဥပဒေတွေ တင်ရင်လည်း ထောက်ခံရမယ်။ မကောင်းရင်လည်း ပယ်နိုင်ရမယ်၊ ကန့်ကွက် နိုင်ရမယ်။ အချက်အလက် ပိုင်ပိုင် အသိဥာဏ်ရှိရှိနဲ့ ဆွေးနွေးနိုင်တဲ့သူ ဖြစ်ရမယ်။ အဲဒီတော့ အဲဒီလို အရည်အချင်းတွေ ရှိရမယ်။ နောက်တစ်ခါ မဲခွဲဖို့ လိုအပ်လာရင်လည်း မှန်တဲ့ဘက်ကို မဲပေးနိုင်သူ ဖြစ်ရမယ် ဆိုတော့ အဲဒီ့မှာ ဘာသွားတွေ့လည်း ဆိုတော့ အရည်အချင်းက သာမန်အရပ်သူ၊ အရပ်သား၊ သာမန် ရောင်းဝယ်ရေး သမား၊ စားဝတ်နေရေး အတွက် လုံးပန်းနေသူတွေ တိုင်းရေး ပြည်ရေးကို သိပ်မစဉ်းစားကြဘူး။ စားဝတ်နေရေးပဲ ကိုယ့်အလုပ်ကို ဒီကိုယ်စားလှယ်တွေကို လွှဲထားတာ။ ကောင်းတဲ့ကိစ္စတွေကို ခင်ဗျားတို့လုပ်ပါ၊ ဆွေးနွေးပါ၊ မဲပေးစရာရှိ ပေးပါဆိုပြီး လွှဲထားတာ။ အဲဒီ လွှဲထားတဲ့ တာဝန်ကျေအောင်က သာမန် တိုင်းသူပြည်သား ထက် သူ့မှာ အသိဥာဏ်ပို ရှိရမယ်။ အသိဥာဏ် ရှိဖို့ဆို လေ့လာ ဆည်ပူး ထားရမယ်။ တိုင်းပြည်အတွက် ဥပဒေပြုတာနဲ့ ပတ်သက်လို့ ဘယ်လိုဥပဒေတွေ တင်သင့်တယ်၊ ဖြစ်သင့်တာကို ထောက်ခံရမယ်၊ မဖြစ်သင့်တာကို ကန့်ကွက်သင့်တယ်။ ဒါတွေကို ပိုင်းခြား ဝေဖန်နိုင်တဲ့ ဓါတ်ခံ သူ့မှာရှိရမယ်။ ဘယ်ဟာမှားလဲ၊ ဘယ်ဟာမှန်လဲ ဆိုတာကို ပိုင်းခြား ဝေဖန်နိုင်တဲ့ အသိဥာဏ်ပေါ့။ နောက်တစ်ခါ နိုင်ငံရေး ဆောင်ရွက်တဲ့သူမှာ အဓိက အကျဆုံးက သူ့မှာ ရိုးသားမှု ရှိရမယ်။ သူ့ရဲ့နောက်ကြောင်း ရာဇဝင်တွေ၊ သမိုင်းတွေမှာ သူဟာ အဂတိ လိုက်စားတာတို့၊ မတော်မတရား လုပ်တာတို့၊ မကောင်းတဲ့ အသက်မွေး ဝမ်းကျောင်း လုပ်တာတို့ အဲဒါမျိုးတွေ မဖြစ်သင့်ဘူး။ စံနမူနာ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရမယ်။ အဲဒီတော့ အသိဥာဏ် အရည်အချင်းပိုင်းမှာ မှား၊ မှန်၊ ကောင်း၊ ဆိုး ခွဲခြား နိုင်သူဖြစ်ရမယ်။ နောက်တစ်ခါ ပုဂ္ဂိုလ်အနေနဲ့ နောက်ကြောင်း သမိုင်းတွေ ရှင်းသူ ဖြစ်ရမယ်။ ပြည်သူလူထု ကောင်းကျိုးအတွက် ရပ်တည်သူ ဖြစ်ရမယ်။ အာဏာရှိတဲ့သူတွေ၊ ကိုယ့်ကို အကျိုးပြုနိုင်သူတွေရဲ့ မျက်နှာကို မကြည့်ဘဲနဲ့ ပြည်သူကိုပဲ ကြည့်ရမယ်။ အဂတိတရား လေးပါးရှိတယ်။ ဆန္ဒာဂတိ၊ ဘယာဂတိ၊ မောဟာဂတိ၊ လောဘဂတိ ဆိုပြီး ရှိတယ်။ လောဘကြောင့်လည်း မှားတယ်။ ဆန္ဒစွဲကြောင့် ဒါတော့ ငါ့ဆရာ၊ ငါ့အဖွဲ့အစည်း ဆိုပြီး ငါတော့ ထောက်ခံလိုက်မယ်၊ မတည့်တဲ့သူမို့ ကန့်ကွက်လိုက်မယ် ဆိုတဲ့ အဲဒီလို ဆန္ဒစွဲနဲ့ သူက မှားတာတွေရှိတယ်။ မောဟဂတိ ဆိုတာက အမှားအမှန် မခွဲခြားနိုင်တဲ့ ဟာတွေ ကိုလည်း ပယ်ရှားနိုင်ရမယ်။ လူဟာ အဂတိ လေးပါးစလုံး ကင်းစင်ဖို့တော့ မဖြစ်နိုင်ဘူး။ ဒါတွေကို နည်းနိုင်သမျှ နည်းရမယ်။ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဟာ အဲသလို အရည်အချင်းတွေ ရှိဖို့ လိုအပ်တယ်။

ဆရာပြောတဲ့ အရည်အသွေးမျိုး ရှိ၊မရှိ ပြည်သူက ဘယ်လိုသိနိုင်မလဲ

ပြည်သူတွေကတော့ လူသတင်း လူချင်းဆောင်၊ ပန်းသတင်း ပန်းချင်းဆောင်ပေါ့။ လူတစ်ယောက်ဟာ ဆိုးတာရော၊ ကောင်းတာရော ရှိတယ်။ ဆိုးတာ ကောင်းတာ ဘာမှ မသိရတဲ့ သူက သာမန် ဖြစ်သွားပြီး။ လူတစ်ယောက်ဟာ နိုင်ငံရေး လုပ်ပြီဆို တစ်ယောက်တည်း လုပ်လို့ မရဘူး။ အများနဲ့လုပ်ရတာ။ သူ စည်းရုံး ရမယ်။ ထောက်ခံအောင် လုပ်ရမယ်။ ပြည်သူလူထု အတွက် ကောင်းတာတွေ လုပ်ပေးမယ်ဆိုပြီး ကတိတွေ ပေးတာ၊ အဲဒီလောက် လုပ်နေတာတောင် သူ့အကြောင်းကို ကောင်းတာလည်း မသိဘူး၊ ဆိုးတာလည်း မသိဘူးဆိုရင် မျှော်လင့်ချက် မရှိတော့ဘူး။ ဒါဆို သာမန်လူ ဖြစ်သွားပြီ။ သာမန်လူတစ်ယောက်က သူအခန်း ကဏ္ဍ ရှိကို မရှိတော့ဘူး။ သူ့ရဲ့ ရပ်ရွာ၊ မြို့နယ်က အပေါင်းအသင်း၊ ဆွေမျိုး သားချင်းတွေဆီက သိကို သိရမယ်။ သူ့ရဲ့ သဘောထား ထုတ်ပြန်ချက်တွေကို ကြည့်ရမယ်။ သူ့သတင်းကိုလည်း နားထောင်ရမယ်။ တိုင်းသူ ပြည်သားဘက်က ပြောမယ်ဆိုရင် ကိုယ့်မဲဟာ အင်မတန် တန်ကြေးရှိတယ်။ သူများပြောတိုင်း မျက်စိမှိတ်ပြီး မယုံသင့်ဘူး။ အမြဲတမ်း မျက်စိဖွင့်ထားပါ။ နားကိုလည်း စွင့်ထားပါ။ အရွေးချယ်ခံမယ့် လူနဲ့ သူအဖွဲ့အစည်းရဲ့ ကောင်းသတင်း၊ ဆိုးသတင်းကို တတ်နိုင်သမျှ စုံစမ်းပါ။ ဘာမှ လေ့လာစုံစမ်းမှု မရှိဘဲ ဘယ်သူကိုပဲ ထည့်လိုက်ပါ။ ဘယ်အမှတ် တံဆိပ်ကို ထည့်လိုက်ဆိုပြီး သူများပြောတိုင်း လိုက်ထည့်တာမျိုး လုံးဝ မလုပ်ကြပါနဲ့။ အမှား အမှန်၊ အကောင်း အဆိုး ဝေဖန်ပြီး လုပ်ကြဖို့ ကျွန်တော် တိုက်တွန်းချင်တယ်။

ရွေးကောက်ပွဲ အကြိုကာလမှာ လူထုကို ပြောတာတစ်မျိုး၊ အာဏာ ရလာတော့ တစ်မျိုး လုပ်တဲ့ သူတွေရော မြန်မာ့သမိုင်းမှာ ရှိခဲ့ဖူးလား။

အာဏာရတယ် ဆိုတာက အခု ပေါ်လာမယ့် လွှတ်တော်မှာ အာဏာပြဿနာ မရှိဘူး။ ပေါ်ပြူလာ နယူးစ်မှာပဲ ကျွန်တော် ရေးပြီးပြီ။ နောက်ဆုံးရေးတဲ့ ဆောင်းပါးပါ။ အခု ကျွန်တော်တို့ ပြောနေတဲ့ ကိစ္စက လွှတ်တော် ကိုယ်စားလှယ် ဆိုတာဟာ အာဏာကို ကျင့်သုံးနိုင်တဲ့ သူ မဟုတ်ဘူး။ အာဏာ ဘာမှ မရှိဘူး။ အဲဒါကို ရှင်းလင်း နေဖို့လိုတယ်။ နောက်တော့ လွှတ်တော်ပေါ်လာမယ်။ ဥပဒေ ပြဋ္ဌာန်းတဲ့ အခါမှာ တိုင်းသူ ပြည်သား စိတ်မချမ်း မသာ ဖြစ်စေမယ့် ဥပဒေတွေ ရှိရင်လည်း ရှိလာမယ်။ အဲဒီ ပြဋ္ဌာန်းချက်မျိုးကို လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့ အခါ ကိုယ့်မြို့နယ်က ရွေးကောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်က မတရားတဲ့ ပြဋ္ဌာန်းချက်ကို ထောက်ခံရင် ပြည်သူ လူထုက စိတ်ဆိုးမှာပဲ။ ငါတို့ နစ်နာမယ့် ဥပဒေမျိုးကို ငါ့တို့ ကိုယ်စားလှယ်က ဘာလို့ ထောက်ခံတာလဲ ဆိုပြီး အဲဒီလို လူမျိုးကို ပြည်သူလူထုက ဆုံးမလို့ ရတာက သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း ပြည့်အောင် လက်မှတ်တွေထိုး၊ ပြန်ခေါ်တာပေါ့။ သူ့ကို ဖြုတ်ချပါတော့ ဆိုပြီး recall လုပ်လို့ရတယ်။ တောင်းဆိုလို့ ရတယ်။ ဒီမှာကတော့ ဒါပဲ။ သူ့ရဲ့ အဓိက တာဝန်က ဥပဒေပြုတဲ့ အခါမှာ ပါဝင် ထမ်းဆောင်ဖို့ပဲ။

နိုင်ငံရေး သမားကောင်း တစ်ယောက်ရဲ့ စံနှုန်းကရော။

နိုင်ငံရေး သမားကောင်းရဲ့ စံနှုန်းက နံပါတ်တစ်က ရိုးသားမှုပေါ့။ နောက်တစ်ခုက ပြည်သူလူထုရဲ့ မျက်နှာကို ကြည့်ရမယ်။ ဒါက စာရိတ္တပိုင်းနဲ့ ပတ်သက်လို့ပေါ့။ နောက် အရည်အချင်းပိုင်း နဲ့ဆို သာမန်သူတွေထက် အကြားအမြင် နှံ့စပ်ရတယ်။ မြန်မာ့အရေး၊ ကမ္ဘာ့အရေးတွေ နှံ့နှံ့စပ်စပ် သိထားရမယ်။ ကမ္ဘာကြီးနဲ့ ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေတယ် ဆိုတာ မသိတဲ့သူ တစ်ယောက်က ပြည်သူ့ ကိုယ်စားလှယ် မဖြစ်သင့်ဘူး။ ပြည်သူ လူထုရဲ့ စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေး အဲဒါတွေကို သာမန်သူတွေထက် ပိုသိရမယ်။ တိုင်းပြည်မှာ ပညာရေးက နိမ့်နေလား၊ မြင့်နေလား၊ နိမ့်နေရင် ဒီပညာရေး စနစ်ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာမျိုး၊ ကိုယ်ပိုင် အိုင်ဒီယာလည်း ရှိရမယ်။ သူဖတ် မှတ်ထားတာတွေ၊ တွေ့ဆုံမေးမြန်း ထားတာတွေ၊ သူ့မှာ အမြင်ကျယ်ပြန့်မှု ရှိရမယ်။ ဒီတိုင်းပြည် အတွက် ကောင်းရာ ကောင်းကြောင်းလုပ်ဖို့ အမြင်တွေ ရှိရမယ်။ ဒါကြောင့် နိုင်ငံရေး သမားကောင်း တစ်ယောက်ဟာ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး အပြင် ကိုယ့်တိုင်းပြည် အကြောင်း၊ ကိုယ့်လူမျိုး အကြောင်း ကောင်းကောင်း နားလည်ရမယ်။ နားလည် အောင်လည်း ကြိုးစား ထားရမယ်။ နိုင်ငံရေး သမားကောင်း တစ်ယောက်ဟာ သာမန်အဆင့်ထက် မြင့်တဲ့ အထွေထွေ ဗဟုသုတ၊ အမြော်အမြင် ရှိရမယ်။

ပြည်သူကို ဘာများ ထပ်ပြောချင်ပါသလဲ။

ပြည်သူ လူထုဟာ မိမိရဲ့ ဆန္ဒမဲကို တော်တော် တွန့်တိုဖို့ လိုတယ်။ ပြီးပြီးရော မဖြစ်စေရဘူး။ မဲကို သူများ ပြောတိုင်း ဘယ်တံဆိပ်ကို ပေးပါ၊ ဘယ်သူ့ကို ထည့်လိုက်ပါ ဆိုတာနဲ့ “ဟယ် အများက ထည့်လိုက်ရင်တော့ ငါတော့ ဒီလိုပဲ ထည့်ရမှာပဲ” ဆိုတဲ့ စိတ်မျိုးတော့ ဘယ်လိုမှ မမွေးပါနဲ့လို့ ပြောချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တကယ် ပေးသင့် ပေးထိုက်တဲ့ သူကိုပဲ မဲပေးပါ။ အမှတ်တံဆိပ် ဆိုလည်း အမှတ်တံဆိပ်။ လူပုဂ္ဂိုလ်ဆိုလည်း လူပုဂ္ဂိုလ်ပေါ့။ အဲဒီလို ကိုယ့်စိတ်ကြိုက် ပေးတဲ့ အတွက် ဘာမှ ကြောက်စရာ မလိုဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ပြည်သူလူထုရဲ့ နံပါတ်တစ် အကြီးဆုံး ပြဿနာက ဘာလဲဆိုတော့ လူတွေက ကြောက်နေ ကြတာ။ ဘာကို ကြောက်နေမှန်းလည်း မသိဘူး။ ဘယ်သူ့ကို ကြောက်နေလဲလို့ မေးရင်လည်း မပြောရဲဘူး။ အဓိက ပြဿနာက ဒါပဲ။ မကြောက်ပါနဲ့လို့ ပြောချင်တယ်။

မောင်ဝံသ

Tuesday, May 18, 2010

တို.ဗမာသီချင်း တေးေ၇း--၀ိုင်အမ်ဘီ သခင်တင်

တကောင်း အဘိရာဇာ၊ တို.ဗမာသာကီမျိုးဟာမို.၊ မညှိးဂုဏ်တေဇာ။
ယိုးဒယားနဲ. ကုလားကိုပါ၊ တိုက်ခိုက်ခါ အောင် ခဲ.တာ တို.ဗမာ။
စိန်မှန်ကင်းစစ်၊ အဖြစ် ကြီးဖြစ်လျက်၊ ထင်းတစ်လှည်ကြုံရ၊
ထုံးနဲ.မသွေ၊ လောကဓမ္မတာပေ၊ ငါတို.ကံခေ ဖြစ်ရပြန်သလေ ....
သို.သော်...........အရင်းကိုစစ်လျှင် ဗမာပြေ၊ ငါတို. .... ငါတို.ပြေ ...။
နောင် ... ဥဒါန်း .... ဘယ်မကျေစရာ ...၊ ရာဇဝင်တင်ထားမျိုးရိုးနွယ်လာ
ကမ္ဘာတခွင်မှာဖြင်. ဗမာအထင်အရှား တို.ခေတ်တွင်မှ ညံ.ကြတော.မှာလား၊
တို.ဗမာ တို.ဗမာ၊ မဟုတ်လေသလား၊ (တို.ဗမာ-ငါတို.ဗမာ) (တို.ဗမာ-ငါတို.ဗမာ) (ဒါ ငါတို.ဗမာ) (ဒါ ငါတို.ဗမာ)
အား…လုံးညီညီ၊ ယောက်ျားဘသား တို.ဗမာ နောင်လာနောက်သား ကောင်းစားဘို.ရာ၊
တို.ကိုယ်ကျိုးလုံးလုံးမပါ၊ ရဲရဲဗမာပီပီ ဗမာပြေ တို.ဗမာဖို.ပါ၊
သခင်ကျင်.ကို ကျင်.ကြပါ၊ သခင်မျိုးဟေ. ... တို.ဗမာ၊
မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ. စာမရီသွေး တို.ဗမာ .....။
(သံပြိုင်) ကမ္ဘာမကြေ ဗမာတတွေ (ဒါတို.ပြေ ဒါတို.မြေ ဒါငါတို.ပြေ)၃
(တို.ဗမာ)၂ ပြေ .. ကို တိုင်းရင်းသားအကုန်အစင် တို.ပြေလို.မှတ်ထင်၊
တို.ဝတ္တရားပင် တို.ဗမာသခင် ...။
အမျိုးသားရေးကို ကြိုးပမ်းကြပါ တို.ဗမာ... ဟေ. တို.ဗမာ
သြော် ...အမျိုးသားရေးကို ကြိုးပမ်းကြပါ တို.ဗမာ... ဟေ. ... တို.ဗမာ၊
အရှေ.ကနေဝန်းထွက်သည်.ပမာပ၊ တိုခေတ်ကိုရောက်ရမည်မှာ မလွဲပါ တို.ဗမာ... ဟေ. ... တို.ဗမာ၊
ဗမာပြေတဝှမ်းအကုန် တို.အိမ်မှတ်ပါ၊ တို.ယာမှတ်ပါ၊ အဲဒါတို.ဗမာ။

Monday, May 17, 2010

Dubai က နေ၀င်ဆည်းဆာ အလှ

Dubai က နေ၀င်ဆည်းဆာ အလှ