ကောဇာသက္ကရာဇ် ၁၃၇၂ ခုနှစ် နယုန်လပြည်.နေ.
တစ်ကိုယ်လုံး ကိုက်ခဲ ပြီး ချောင်းတွေ လဲ အဆက်မပြတ် ဆိုးလိုက်တာ ည တစ်နာရီလောက် လန်.နိုး လာတယ်။ ကိုယ်တွေပူနေပါလား……
အင်း အရင် ရက်တွေက ဘလောဂ်. ရေးဘို. အိပ်ရေးပျက် အညောင်း မိလိုက်တာ ခုမှ လာခံနေရတယ်။ ဒီလောက် ကိုက်ခဲနေတော. ဆေးသောက်မှ ဖြစ်မယ် လို. အိပ်ရာကလူးလဲ ထလိုက်ရတယ်။
ကော်ဖီတစ်ခွက်နဲ. ဆေးသောက်ပြီး အိပ်ခန်းထဲပြန် ဝင်လာ တော.
အော် ပြူတင်းပေါက် ပွင်.နေပါလား။
တံခါးပိတ်မယ်လို. လာလိုက်မှ …. ပြူတင်း ပေါက်ကနေ လမင်းကြီး ကိုတွေ.လိုက် ရတယ်။
လပြည်.နေပါလား……ရွှန်းမြနေတဲ.လရောင်ကို ငေးကြည်.နေမိတယ်… လှလိုက်တာ…..
လရောင် က လူတိုင်းကို အေးမြ မှု ပေးတာတော.အမှန်ပဲ…..
အင်း ခံစားတတ်တဲ.သူကိုပေါ.လေ……
လရောင် ကိုငေးကြည်.ရင်း နဲ. ဇာတိ စလင်းမြို. လေး ကို လွမ်းမိ သလိုလို
အိပ်ရာမဝင်ခင် ကတည်း က မအီမသာနဲ.မို. ကွန်ပြူတာ ရှေ. မထိုင်ဖြစ်ပဲ စလင်း အထက်တန်းကျောင်း စိန်ရတု မဂ္ဂဇင်း ဖတ်ပြီး အိပ်ပျော် သွားမိတာကိုး……..
နောက် ဒီလို လရောင် သာတဲ.ညတွေ ဆို ကျွန်တော်တို. ငယ်ငယ် က အိမ်ခေါင်းရင်း မြူနီစပယ် ရုံးဝင်းထဲမှာ ကိုသာအေး တို. ကိုခင်မောင် တို. လူပျိုကြီး တစ်သိုက် ဆို ကြ တီးကြ နဲ.လေ။
အဲဒီခေတ်အခါက ကိုတင်လှိုင် ကိုသန်းလှိုင် တို. မောင်မောင်ညွန်. တို.သီချင်းတွေပေါ.။
မောင်မောင်ညွန်. သီချင်းတွေက လသာသာ မှာ ဆိုတတ်သူကများ ချွဲချွဲလေး ဆို လိုက်ရင် ဘေးက နားထောင်တဲ.သူမှာ လွမ်းလာမိတာပဲ။
တစ်ခါများ ကိုခင်မောင် တစ်ယောက် သူ.ရည်းစား တစ်ခြားမြို. က လူတစ်ယောက် နဲ. လက်ထပ်သွားလို. တယောလေး တီးရင်း ကိုသန်းလှိုင် ရဲ. “စကားပြောကောင်း တဲ.မသည်းအူ” သီချင်း ကိုဆိုပြီး မျက်ရည်တွေကျ လို. ကျွန်တော်တောင် လိုက်ငိုမိသေးတယ်။
ကိုသာအေး က ဒီရုံးရဲ. ညစောင်.ဆိုတော. ပင်တိုင် ပေါ.
သူက ပုလွေ သမား။ လသာသာ ညတွေ မှာ သူများ ပုလွေ ကောက် ချွဲလိုက် ရင် အားလုံးငြိမ် ပြီးနားထောင် ကြတာလေ…..
လွမ်းမိတယ် ဇာတိမြေရယ်……..
ကျွန်တော် နိုင်ငံခြား ထွက်လာကတည်းက ဗမာပြည် တစ်ခေါက်မှ မပြန်ဖြစ်သေးဘူး။ စလင်း ဆိုတာ မရောက်ဖြစ်တာ လေးငါးခြောက်နှစ် ရှိပေါ. စလင်းမြီု. က အနောက် ဖက်မှာ အနောက်ရိုးမ တောင်တန်းနဲ…
အရှေ.ဘက်မှာ ဧရာဝတီမြစ်ပေါ….မြို. လေးက အနောက်ဘက်ကမ်းမှာ မို. ဘယ်သွားချင်သွားချင် ဧရာဝတီမြစ် ကို ဖြတ်ရတယ်လေ။ ဧရာဝတီ ကိုဦးမခိုက်ပဲ ချောက် ရေနံချောင်း မကွေး ဘယ်ကိုမှမရောက်ဘူး။
ဒီတစ်ခါတော. ဧရာဝတီ အလွမ်းပေါ.
အင်း လူမရှိတဲ. ကွင်းပြင်မှာ သာဆိုရင် ကိုခင်ဝမ်းရဲ. ဧရာဝတီ သီချင်း အော်မိမလားမသိဘူး။ ဧရာဝတီလဲ ရေနည်းပြီး သောင်တွေထွန်းနေတာ တစ်လော က သီတင်းထဲမှာဖတ်လိုက်ရတယ်။ မကွေးမင်းဘူးကြား မှာဆို နောက်နှစ်နွေ ရေကြောင်းတောင် ပျောက် နိုင်တယ်တဲ.။
အင်း ဧရာဝတီကို ချစ်တဲ.ကျွန်တော် ဧရာဝတီ တွက် ဘာလုပ်ပေးနိုင် ခဲ.သလဲ ဘာလုပ်ပေးနိုင် မလဲ…..
ဧရာဝတီ မှာရေတွေခမ်းနေပြီ …..ရိုးမတောင်တန်းကြီး မှာလဲ တောပြုန်း လို.
ကတုံး ဖြစ်နေပြီ လေ…….
ပြီးခဲ.တဲ.သောကြာနေ. ကပဲ စလင်းကို ဖုန်းခေါ်ဖြစ်သေးတယ်။
အစ်ကိုကြီး နဲ. ပြောဖြစ်တယ် …..ကိုယ်ကတော. သတိရလို.ပါ… ညီအစ်ကိုမောင်နှမတွေ အကြောင်း တစ်ယောက်ချင်း မေးနေမိတယ်.......
အဲဒီမှာ စလင်းကျောင်း အကြောင်းပြောဖြစ်တယ်။ ကျောင်းပြင်ဖို. ကျောင်းသားဟောင်းတွေဆီက အလှူခံ နေတယ်တဲ. ..........
အင်း ညနေက ၁၈၁၈ ကဒ်ဝယ်ဖို.ငွေ ထုတ်ရင်း နဲ. စက်ကပြတဲ. ဂဏန်းအငယ်စား လေး သုံးလုံးတွဲ ကို မြင်ယောင် လိုက်မိတယ်။
အလှူငွေ ထည်. ချင်လိုက်တာ…. အစ်ကို ကို အလှူ ခံဘယ်တော.နောက်ဆုံးလဲ မေးပြီး ….. အင်း အဲဒီမတိုင်ခင် အလုပ် ရနိုင်မလား အတွေး လွန်သွားတယ်….. အစ်ကိုက ဆက်မေးလာတယ်
“မင်း အဆင်ပြေလား “
ကျွန်တော်ကတော. ထုံးစံအတိုင်း “အင်း … ဒီလိုပါပဲ”
“အ လုပ်ကော ရပြီ လား”
“အင်း ရှာ တုံးပဲ ရတော.ရမှာပါ.. နောက် တစ်လလောက်ထိတော. တောင်.ခံနိုင် မယ် ထင်တယ်” လွှတ်ကနဲ ထွက်သွားတဲ. စကားလုံး ကို ဘရိတ်အုပ် မရလိုက်တော.ဘူး ….
အစ်ကို က “မင်း ကွာ ကိုယ်. ကို ကိုယ်သာအဆင်ပြေအောင် နေပါ၊ ဒီမှာက အားလုံး ကနေသားကျနေကြ ပါပြီ.. စိတ်ပူမနေပါနဲ. …. အေး ကျောင်းအတွက် အလှူငွေ လဲ ငါ စိုက်ထည်.ပေး ထားမယ်… နောက်မှ ပြန်ပေးပေါ. နေကောင်းအောင်နေ ကျန်းမာ ရေး …………..”
ဖုန်းကဒ်ကုန်သွားတာ ကျေးဇူး တင် ရမလို………
အတွေးက ဟိုရောက် ဒီရောက် နဲ.
နဲနဲ အေးလာတာနဲ. အတွေးစဖြတ်ပြီး တံခါး ပိတ်လိုက်တယ်….
အိပ်ရာပေါ်ရောက်တော. ဘေးနားမှာ ညကဖတ်လက်စ စလင်းကျောင်း မဂ္ဂဇင်း စာအုပ် ကပွင်.ရက်လေး မို. ကောက် လှန်ကြည်.လိုက် တယ်
ကျောင်း ဓါတ်ပုံတွေ.လိုက်ရတယ် ရှေ.မျက် နှာစာကရိုက်ထားတာမို. ကျောင်းရှေ.က အလံတိုင်နဲ. စုဝေး ကွင်းပြင် လေးပါ ပါတယ်။
ဟိုတုံး က ကျောင်း တက်ခေါင်းလောင်းထိုးပြီးတာနဲ. ကျောင်းသားအားလုံး
အဲဒီ အလံတိုင် ကွင်းပြင်မှာ စုကြရတယ်။
ပထမ “ကမ္ဘာမကြေ…….ဗမာပြေ………” နိုင်ငံတော်သီချင်း ဆို တယ် ပြီးတော. သစ္စာ အဓိဋ္ဌာန် လေးချက် ဆိုကြတယ်…..
မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်၊
မိမိအတန်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိကျောင်းကို ကောင်းအောင် ကြိုးစားမည်၊
မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်၊……..
သောက်ထားတဲ. ဆေးအရှိန်ကြောင်. စာအုပ် လက်ထဲကပြုတ်ကျသွားတယ်…….
အိပ်မက်ထဲမှာတော. ကျွန်တော်က စလင်းကျောင်း ကို အသစ်ဆောက်ပေးနေ တဲ. မြို.ပြအင်ဂျင်နီယာကြီး လေ………
Thursday, May 27, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment